ဖားကန့်မြို့ အဝင်အထွက် စတင် စစ်ဆေးတော့မည်

ဖားကန့်မြို့ အဝင်အထွက် စတင် စစ်ဆေးတော့မည်

ကချင်ပြည်နယ် ဖားကန့်မြို့သို့ လူသစ်များထပ်မံဝင်ရောက်မှု မရှိစေရန် ဧပြီလ ၁၁ရက်နေ့မှစကာ လူအဝင်အထွက် စိစစ်တော့မည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ရောဂါစိုးရိမ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ဒေသခံတွေစိုးရိမ်တာကတော့ တစ်ဖက်မှာပြန်လာတဲ့သူတွေ ထိုင်းကပြန်လာတဲ့သူရှိတယ်။ တရုတ်ကပြန်လာတဲ့သူတွေ ရှိတယ်။ အလုပ်မရှိအကိုင်မရှိတဲ့သူတွေက ဖားကန့်ဒေသမှာ ရေမဆေးအဖြစ်ဝင်လာနိုင်တယ်။ ထိန်းချုပ်ဖို့ ပိုခက်သွားမယ်ဆိုပြီး ဒေသခံတွေတင်ပြတဲ့တွက် ကျနော်တို့က ၁၁ရက်နေ့ပြီးတော့ စီစစ်ပေးသွားမှာဖြစ်ပါတယ်။ အဲလိုစိစစ်တဲ့နေရာမှာ ဒေသခံမှတ်ပုံတင်ကိုင်ဆောင်တာ ဟုတ်မဟုတ်၊ ကျေုာက်မျက်ကုမ္မဏီမှာလုပ်ကိုင်နေတဲ့သူ၊ ခုနောက်ပိုင်းဆိုရင် သက်ဆိုင်ရာက ရပ်ကွက်ထောက်ခံစာပါမပါ၊ မပါဘူး မဟုတ်ဘူးဆိုရင်တော့ အဝင်မခံပါဘူး။  ပြန်လွှတ်မှာဖြစ်ပါတယ်” ဟု ဦးဇော်ဇော်က ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားဖြစ်သည့် ရေမဆေးသမားများနေရပ်ပြန်နိုင်ရေးအတွက် ပုံမှန်အားဖြင့် ရထားနှစ်စီးပြေးဆွဲနေသော်လည်း ဧပြီလ ၁၀ရက်နေ့မှစကာ တစ်စီးသာ ပြေးဆွဲတော့မည်ဖြစ်ကြောင်း ဆက်ပြောသည်။

သို့သော်လည်း မော်တော်ယာဉ်လိုင်းပုံမှန်ပြေးဆွဲခြင်းကိုမူ ရပ်နားထားပြီဟု သိရသည်။

ယခုအစီအစဉ်သည် ဖားကန့်မြို့သို့ဝင်လာမည့်သူများကိုသာ စစ်ဆေးမည်ဖြစ်ပြီး ဖားကန့်မြို့မှ ထွက်လာသူများကို စစ်ဆေးမည် မဟုတ်ကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော် က ပြောသည်။

ကချင်ပြည်နယ်အတွင်း ဧပြီလ ၈ရက်နေ့ထိ စာရင်းများအရ Home Quarantine ထားရှိသူ ဦးရေ ၁၄၆၀ ကျော်ရှိပြီး၊ Facility Quarantine ဦးရေ ၈၄၀ ရှိကာ စုစုပေါင်း ပြည်ပမှပြန်လည်ရောက်ရှိလာသည့် လူဦးရေ ၃၀၃၆ ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...