နယူးဒေလီရှိ ချင်းဒုက္ခသည်များအား ထောက်ပံ့ရန် မီဇိုရမ်ဝန်ကြီးချုပ်ဟောင်း တောင်းဆို

နယူးဒေလီရှိ ချင်းဒုက္ခသည်များအား ထောက်ပံ့ရန် မီဇိုရမ်ဝန်ကြီးချုပ်ဟောင်း တောင်းဆို

ရစ်ချက် – ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး သွားလာမှုကန့်သတ် (Lockdown ချ)လိုက်သည့်အတွက် နယူးဒေလီမြို့နေ ချင်းဒုက္ခသည်များ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်း မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံး စီစဉ်ဆောင်ရွက်ရန် လိုအပ်သည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း Pu Lalthanhawla က ပြောသည်။



မီဇိုရမ်ပြည်နယ် ကွန်ကရက်ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် Pu Lalthanhawla က လက်ရှိဝန်ကြီးချုပ် Pu Zoramthanga ထံ ဧပြီလ ၈ ရက်တွင်  စာရေးသား တောင်းဆိုလိုက်ခြင်းဖြစ်သည်။



Covid-19 ကြောင့် အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးတွင် အလုပ်လုပ်၍ဖြစ်စေ၊ ကျောင်းတက်၍ဖြစ်စေ သောင်တင်နေကြသည့် မီဇိုးလူမျိုးများနှင့် ချင်းဒုက္ခသည်များ ရင်ဆိုင်နေကြရသည့် အခက်အခဲ များကို အစိုးရအနေဖြင့် ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။



“Lockdown ပိတ်ချလိုက်တဲ့အတွက် အိန္ဒိယ ပြည်နယ်အသီသီးမှာ သောင်တင်နေကြတဲ့ မီဇိုးလူမျိုးတွေရဲ့ နေ့စဉ်စားဝတ်နေရေးအခက်အခဲတွေ၊ ငွေရေးကြေးရေးအခက်အခဲကြောင့် ပြန်လာဖို့လမ်းစရိတ်မရှိတော့တဲ့သူတွေ၊ အကူအညီများစွာလိုအပ်နေသော နယူးဒေလီမှာရှိနေကြတဲ့ ချင်းညီအကို ဒုက္ခသည်တွေ ကူညီထောက်ပံ့နိုင်ရေးကို အစိုးရအနေဖြင့် အမြန်ဆုံးနည်းလမ်း ရှာဖွေဆောင်ရွက်ရန်လိုအပ်သည်’’ ဟု ဝန်ကြီးချုပ်ဟောင်း၏ ပေးစာတွင် ဖော်ပြသည်။



အိန္ဒိယတွင် Lockdown ရုပ်သိမ်းမည့်အနေအထားတွင်မရှိသေးဘဲရက်ထပ်တိုးမည့် အလားအလာရှိနေ သည့်အတွက် အဆိုပါကိစ္စကို အစောတလျင်ဦးစားပေးဆောင်ရွက်သင့်သည်ဟုလည်း ဝန်ကြီးချုပ်ဟောင်း၏ပေးစာတွင် ဖော်ပြထားသည်။



နယူးဒေလီတွင် ချင်းဒုက္ခသည်  ၃၀၀၀ ခန့်ရှိနေကြောင်း အိန္ဒိယနိုင်ငံ UN ရုံး ပြုစုထားသည့်စာရင်းအရ သိရပြီး Lockdown ပိတ်ချမှုကြောင့် နေ့စဉ်စားဝတ်နေရေးအတွက်အခက်ကြုံနေကြရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...