လမ်းပန်းအခက်အခဲကြောင့် ပလက်ဝ စစ်ရှောင်များအတွက် COVID-19 ကာကွယ်ရေးပစ္စည်း ပေးပို့ရန် နှောင့်နှေးနေ

လမ်းပန်းအခက်အခဲကြောင့် ပလက်ဝ စစ်ရှောင်များအတွက် COVID-19 ကာကွယ်ရေးပစ္စည်း ပေးပို့ရန် နှောင့်နှေးနေ

Salai C.Lian — ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများ အဆင်သင့် ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပေးပို့နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ချင်းပြည်နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာ အောင်ငွေစံက ပြောသည်။

ဒေါက်တာ အောင်ငွေစံက “လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲက သွားရေးလာရေးတွေက ချောချောမွေ့မွေ့မရှိတာ အဓိက အခက်အခဲ ဖြစ်နေတယ်၊ သွားရေးလာရေးလမ်းကြောင်း ချောမွေ့သွားရင်တော့ ထောက်ပံ့မှုပေးမယ့် ပစ္စည်းတွေက အဆင်သင့်ဖြစ်နေပြီ” ဟု ပြောသည်။

ပလက်ဝရှိ စစ်ဘေးရှောင်များအတွက်  ကြိုတင်ကာကွယ်မှု ထိထိရောက်ရောက် မရှိကြောင်း ဆမီးမြို့ အင်္ဂလီကန်အသင်းတော်၊ ကယ်ဆယ်ရေးဌာန တာဝန်ခံ ဆလိုင်း ဘူးထန်ပိုင်က ပြောသည်။

ဆလိုင်း ဘူးထန်ပိုင်က “ကျွန်တော်တို့ ဆမီးမှာ ဆရာဝန်ကြီး မရှိတာ တစ်လလောက်တောင် ရှိနေပြီ၊ လက်ထောက် ဆရာဝန်နဲ့ပဲ အခုသွားနေတယ်၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ကတော့ ဆေးရုံအဝင်မှာ ဆပ်ပြာနဲ့ လက်ဆေးပါ ဆိုပြီး စာရေးထားတာတော့ရှိတယ်၊ ပြီးတော့ နိုင်ငံခြားက ပြန်လာတဲ့သူတွေကတော့ တစ်နေရာမှာ သီးသန့်ထားတယ်၊ တစ်ခြားကြိုတင်ကာကွယ်တာကတော့ မရှိသလောက်ဖြစ်နေတယ်” ဟု ပြောသည်။

ပလက်ဝ အခြေစိုက် Khumi Youth Association မှ ကိုအောင်စိုးကလည်း ယခုလို ပြောသည်။

“ကြိုတင်ကာကွယ်တဲ့ အနေနဲ့ကတော့ Mask အချို့တပ်တာတွေရှိတယ်၊ လူစုလူဝေးတွေကတော့ ကျွန်တော်တို့ ပလက်ဝမှာက ရှောင်လို့မရဘူးဖြစ်နေတယ်၊ လက်ဆေးပါ ဆိုတာလောက်ပဲလုပ်နိုင်တယ်၊ Mask ကလည်းအရင် ၁၀၀ နဲ့ဝယ်တဲ့ဟာတွေက အခု ၅၀၀ တွေဖြစ်ကုန်တယ်၊ အဲဒါတောင် ကိုယ်ကြိုက်သလို ဝယ်လို့မရဘူး ဖြစ်နေတယ်”ဟု ဆိုသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ရခိုင်ပြည်နယ်တွင် ၆၁၈၅ ဦး၊ ဆမီးမြို့တွင် ၃၀၀၀ နီးပါးနှင့် ပလက်ဝမြို့တွင် ၂၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...