ကျောက်တော်တွင် စစ်ဘေးရှောင် ၂၃၀၀ ခန့် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

ကျောက်တော်တွင် စစ်ဘေးရှောင် ၂၃၀၀ ခန့် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

ခင်သရဖီဦး — ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၂၂၆၀ ကျော်အတွက် စားနပ်ရိက္ခာ များအပါအဝင် ရေနှင့် အခြားအသုံး အဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်ကပင် အဆိုပါစစ်ဘေးရှောင်စခန်းကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လူဦးရေ ခုနစ်ဆယ်ကျော်သာရှိခဲ့သော်လည်း ပြီးခဲ့သည့် မတ်လမှစတင်ကာ စစ်ဘေးရှောင်များ ပိုမိုများပြားလာခဲ့သည့်အတွက် ရိက္ခာနှင့် သောက်သုံးရေများ အခက်အခဲဖြစ်ပွားနေရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်ကဆိုသည်။

“ကျနော်တို့ ရွာမှာ နှစ်စဉ်နှစ်တိုင်း လေးလပိုင်း ငါးလပိုင်းဆိုရင် ရေပြတ်လပ်တာရှိပါတယ်။ စစ်ဘေးရှောင်တွေမရှိကတည်းက ရေပြတ်လတ်မှုတွေရှိတယ်။ အခုက စစ်ဘေးရှောင်တွေများလာတော့ ရေက တော်တော်ကို အခက်ခဲဖြစ်နေပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ လူမှုအဖွဲ့အစည်းများက ထောက်ပံ့ပေးမှုများရှိသော်လည်း လူဦးရေများသောကြောင့် စားဝတ်နေရေး ဖူလုံမှုမရှိကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင် ကပြောသည်။

“စားဝတ်နေရေးလည်း အခက်အခဲရှိပါတယ်။ အနီးနားကကျေးရွာတွေက ကူညီပေးတာရှိပေမယ့် လူဦးရေများတာကြောင့် မျှစားနေရတယ်။ လုံလောက်မှုမရှိဘူး” ဟု ၎င်းကပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် တင်းမ၊ ပြိုင်တိုင်း၊ မျောက်တောင်နှင့် သာစည် စသည်တို့အပါအဝင် ကျေးရွာ ၁၄ရွာမှ ဒေသခံများ စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော် AAတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်မျိုးနွယ်စုများ အစည်းရုံး (REC) ထုတ်ပြန်ချက်အရ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...