တောင်ကုတ်မြို့နယ်မှ လူ (၅)ဦးကို တပ်မတော် ဖမ်းဆီး

တောင်ကုတ်မြို့နယ်မှ လူ (၅)ဦးကို တပ်မတော် ဖမ်းဆီး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ဒေသခံ(၅)ဦးကို ဧပြီလ ၅ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က DMG သို့ပြောသည်။

ဖမ်းဆီးခံရသူ ဦးသန်းနိုင်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး ဦးလှဖြူမှာ လက်ဖက်ရည်ဆိုင်ရောင်းသည်။ ဦးအောင်ထူးမှာ ရေဒီယိုပြုပြင်ခြင်း လုပ်ငန်းလုပ်ကိုင်ပြီး ဦးမြင့်အောင်မှာ ကုန်စုံဆိုင်ရောင်းကာ ဦးပြုံးချိုမှာ ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“မနေ့က ၁၁ နာရီလောက်မှာ ရဲတွေနဲ့ စစ်သားတွေက ရွာထဲဝင်လာတယ်။ ပြီးတော့ သူတို့ကိုခေါ်ပြီးတော့ စစ်တယ်။ သူတို့ကို စစ်တဲ့နေရာကို ဘယ်သူမှ မသွားရဘူး။ ညနေ ၃ နာရီကျော်တော့ သူတို့ကို ဗျုဟာမှူးက တွေ့ချင်တယ်လို့ပြောတယ်။ သူတို့ကို ခေါ်သွားချင်တယ်လို့ပြောတယ်။ ကျွန်တော်က ဖမ်းတာလားလို့မေးတော့ သူတို့က မဖမ်းဘူးလိုပြောတယ်။ လူကြီးနဲ့တွေ့ပြီးရင် ပြန်လွတ်ပေးမယ်လိုပြောတယ်။ သူတို့ကို ဘာဖြစ်လို့ဖမ်း သွားလဲဆိုတာ ကျွန်တော်လည်းမသိဘူး”ဟု ၎င်းကဆိုသည်။

၎င်းတို့ကို AA နှင့် ပတ်သက်ဆက်နွှယ်သူများဟုဆိုကာ တပ်မတော်ကဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...