ကလေးမြို့အတွက် Covid -19 ကာကွယ်ရန် ဘတ်ဂျက် သိန်းတစ်ရာကျော် ချထားပေး

ကလေးမြို့အတွက် Covid -19 ကာကွယ်ရန် ဘတ်ဂျက် သိန်းတစ်ရာကျော် ချထားပေး

Salai Khup Khup - ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူနိုင်ရန် ကလေးမြို့ပြည်သူ့ကျန်းမာရေးဌာနကို ပြည်ထောင်စုအစိုးရက သိန်းပေါင်း ၁၁၅ ဘတ်ဂျက် ချပေးကြောင်း သိရသည်။

ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးက “ကျန်းမာရေးဌာန ကိုလည်းဝန်းရံဖို့ လိုတယ်။ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ပြည်သူတွေဖက်ကလည်း တတ်အားသလောက် ပူးပေါင်းတဲ့ နည်းတူ အစိုးရကလည်း ကလေးမြို့ ကျန်းမာရေးဌာနအတွက် လိုအပ်တဲ့ ပစ္စည်းဝယ်ယူဖို့ သိန်းပေါင်း ၁၁၅ သိန်း ချပေးတာရှိတယ်”ဟုပြောသည်။

ကလေးမြို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်တားဆီးရေးကော်မတီသို့ မြို့နေ အလှူရှင်များထံမှ အလှူငွေ ကျပ်သိန်းပေါင်း ၆၅၀ နီးပါးရှိနေကြောင်းလည်း ဒေါ်အေးအေးမူက ပြောသည်။

“ကလေးမြို့မှာက Positive လူနာကိုတော့ မတွေ့ရသေးဘူး။ Positive လူနာတွေ့ရင် အဆင်သင့် ဖြစ်အောင် ပစ္စည်းစုဆောင်းတာတို့ ပစ္စည်းကိရိယာတို့ကို တစ်ဦးချင်းလှူတဲ့ ငွေကြေးတွေနဲ့ ဝယ်တာတို့ရှိတယ်”ဟုပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ပတ်သက်ပြီး အခက်အခဲများစွာရှိပြီး ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူကပြောသည်။

သူကဆက်ပြီး “အဓိကအခက်အခဲကတော့ နိုင်ငံခြားကနေ ပြန်လာတဲ့သူတွေကလည်း အကြောင်းမကြားတာတို့ ရှိတယ်။ အဲဒါတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံခြားကပြန်လာသူတွေကို စည်းရုံးရတာတွေရှိတယ်”ဟုပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၂ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧပြီ ၆ တွင် ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...