AA နှင့် ပတ်သက်ဆက်နွယ်သူ သုံးဦးကို ဖမ်းဆီးထားဟု တပ်မတော် ထုတ်ပြန်

AA နှင့် ပတ်သက်ဆက်နွယ်သူ သုံးဦးကို ဖမ်းဆီးထားဟု တပ်မတော် ထုတ်ပြန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာကို တပ်မတော်က ဧပြီလ ၁ ရက်နေ့တွင် ဝင်ရောက် စစ်ဆေးခဲ့ပြီး ဒေသခံ သုံးဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဦးအောင်စံလှ (၅၆ နှစ်)၊ ဦးစိုးရွှေမောင် ( ၅၂ နှစ်)နှင့် ဦးတင်တင်မောင် (၄ဝ နှစ်)တို့ဖြစ်ပြီး ၎င်းတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ဆက်နွယ်သူဟု တပ်မတော်က ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသူ ဦးတင်တင်မောင်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး AA နှင့် တစ်စုံတစ်ရာ ဆက်သွယ်မှုမရှိကြောင်း မိသားစုဝင် ကိုမင်းဌေးက DMG သို့ပြောသည်။

“စစ်သားတွေ ရွာထဲကိုဝင်လာတော့ အိမ်ကနေထွက်ကြလို့ ပြောတဲ့အခါ သူက ကြောက်တယ်။ ကြောက်တယ်ဆိုတော့ အိမ်ပေါ်မှာ နေတယ်။ ဆိုတော့ နောက်တစ်ခါ တပ်မတော်သားတွေက သူ့ကို ပုန်းနေတယ်ဆိုပြီး အိမ်ပေါ်မှာတွေ့သွားတဲ့အတွက် ဖမ်းယူသွားတာ။ ဦးတင်တင်မောင်က အေးဆေးနေတတ်တယ်။ ဘယ်အဖွဲ့စည်းနဲ့မှ အဆက်သွယ်မရှိပါ။ ကြောက်လန့်ပြီး အိမ်ထက်မှာ ပုန်းနေတဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပါ”ဟု ၎င်းကဆိုသည်။

အလားတူ ဦးစိုးရွှေမောင်ဆိုသူမှာလည်း ရွာပြင်သို့ ကျွဲလွှတ်ရန်သွားစဉ် တပ်မတော်သားများက ဖမ်းဆီး သွားခြင်းသာဖြစ်ပြီး အပြစ်မရှိသည့်အတွက် ပြန်လွှတ်ပေးစေချင်ကြောင်း ညီမဖြစ်သူ ဒေါ်ခိုင်ယေက ပြော သည်။

“ကျွန်မအစ်ကိုဟာ ရိုးရိုးသားသား လယ်လုပ်ငန်း လုပ်ကိုင်နေတာပါ။ သူတို့ (AA)နဲ့ ဆက်နွယ်မှုလည်းမရှိပါ။ စိုးရိမ်မှုတွေလည်းရှိပါတယ်။ အမြန်ဆုံးလည်း လွှတ်ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ဦးအောင်စံလှသည်လည်း ကျေးရွာတွင် နွားမွေးမြူကာ နွားနို့ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူ တစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

AA တပ်ဖွဲ့ဝင်များသည် ယင်းကျေးရွာအတွင်း ဒေသခံရွာသူ၊ ရွာသားများ အသွင်ဖြင့် နေထိုင်လျက်ရှိပြီး ဆက် ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ယင်းရွာအတွင်းမှ AA စုပုံထားသည့် ရိက္ခာများ၊ ဆေးဝါးများ၊ NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်များသို့ ထောက်ပံ့လှူဒါန်းထားသည့် ရိက္ခာပစ္စည်းများ၊ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ယမ်းကြိုးများ၊ ဒီတိုနေတာ များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသူ သုံးဦးအား စစ်တွေမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဦးကျော်ကြီး(ခ) ဦးကျော်တင့်နှင့် ဦးကျော် သိန်းချေတို့အား ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...