ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေသည့် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင် ရှိ

ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေသည့် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင် ရှိ

Salai Khup Khup - ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေသည့်ကာလအတွင်း စစ်ဘေးရှောင် နှစ်ထောင်နီးပါး ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။



ဒေသခံ ဦးဘူးထန်ပိုင်က “ပလက်ဝမြို့ကနေ ဆိုင်ကယ်ကယ်ရီတွေနဲ့ ဆမီးဖက်ကို ဆန်တွေ ဝယ်ယူကြရတယ်။ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ကာလမှာ ပိုဆိုးတာက စစ်ဘေးရှောင် ဒုက္ခသည်ကလည်း နှစ်ထောင်နီးပါး ရှိတယ်။ ကျွန်တော်တို့ အသင်းတော်ဝင်းထဲမှာပဲ လူဦးရေ သုံးရာနီးပါး ရှိတယ်”ဟု ပြောသည်။



ပလက်ဝမြို့ပေါ်တွင် စက်လှေလိုင်းများ၊ ကားလမ်းများ သွားလာခွင့် ပိတ်ထားခြင်းမှာ တစ်လကျော် ကြာပြီဖြစ်ကြောင်း၊ လက်ရှိကာလတွင် ဆန် အညံ့ဆုံး တစ်အိတ်လျှင် ကျပ် ခြောက်သောင်းခွဲကျော် ပေါက်ဈေးရှိပြီး အခြားစားသောက်ကုန်များမှာလည်း စျေးနှုန်း အဆမတန် မြင့်တက်နေကြောင်း သိရသည်။



ဒေသခံ ဦးဘူထန်ပိုင်က “ဆမီးဖက်မှာ စစ်ဘေးရှောင် သုံးလေးထောင် ရှိတယ်။ အဲဒီဟာတွေအတွက် အကူအညီတွေ ဝင်လာလို့ ရတယ်။ ကျွန်တော်တို့ဆီမှာက ကုန်းလမ်းဖြစ်ဖြစ် ရေကြောင်းလမ်းဖြစ်ဖြစ် သွားလာလို့ မရသေးတဲ့အတွက် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင်ကလည်း ကျွန်တော်တို့ဆီမှာ လာခိုလှုံတော့ အခက်အခဲ အများကြီး ရှိတယ်”ဟု ပြောသည်။



စစ်ဘေးရှောင်လာသူ ၂၀၀၀ ဝန်းကျင်မှာ ဘာသာရေးအဆောက်အဦများနှင့် အသိမိတ်ဆွေများ၏ နေအိမ်များတွင် ခိုလှုံနေထိုင်ကြကြောင်း သိရသည်။ ပလက်ဝမြို့နယ် ကျေးရွာအချို့မှ စစ်ဘေးရှောင်များမှာမူ ထန်တလန်မြို့နယ်ရှိ သီကီးရ်ရွာတွင် ပြောင်းရွှေ့နေထိုင်ကြောင်း သိရသည်။



ပလက်ဝမြို့နယ် ရှင်းလက်ဝ အခြေစိုက် တပ်မ ၇၇ က  ဆန်သယ်ယူမှုကို ကန့်သတ်ပိတ်ပင်မှုများရှိပြီး ၄င်းတို့ကိုယ်တိုင် ဆန်စျေးနှုန်းများ အဆမတန် စျေးတင်လျက် ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...