ချင်းပြည်နယ် ခရီးသွားလုပ်ငန်း သိသိသာသာ ကျဆင်း

ချင်းပြည်နယ် ခရီးသွားလုပ်ငန်း သိသိသာသာ ကျဆင်း

Salai C.Lian - ချင်းပြည်နယ်တွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများက ပြည်တွင်းပြည်ပ ခရီးသွား ၅၆၅၉ ဦး ဝင်ရောက်ခဲ့သော်လည်း မတ်လတွင်မူ COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသည် မရှိသလောက်ထိ လျော့နည်းကျဆင်းသွားကြောင်း မင်းတပ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စာရင်းများအရ သိရသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရက ကန့်သတ်မှုများထားရှိခဲ့သဖြင့် ခရီးသည်ဝင်ရောက်မှု ယခုလို နည်းပါးသွားခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦး စိုးထက်ကပြောသည်။

“အခုကတော့ ခရီးသွားတွေ မရှိသလောက် နည်းသွားပြီ၊ တလောက ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတောင်မှ နိုင်ငံခြားခရီးသွား ၃ ယောက်လောက်ပဲ ရှိတယ်၊ အခုဆိုရင် သူတို့တောင် ပြန်သွားလောက်ပြီ၊ အရင်ပိုင်းကတော့ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာတွေ ရတယ်၊ အတိအကျတော့ မပြောတတ်ဘူး၊ ပြည်တွင်းကလည်း နိုင်ငံတော်က အကန့်အသတ်တွေရှိတော့ မလာသလောက် ဖြစ်သွားပြီ”ဟု ပြောသည်။

ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်း ယခုလို သိသိသာသာ ကျဆင်းသော်လည်း ပြည်သူများ အရေးပေါ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ဟိုတယ်ပိတ်ထားခြင်းမျိုး ဧပြီ ၂ ရက်ထိ မရှိသေးကြောင်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဟိုတယ်တွေကိုတော့ မပိတ်သေးဘူး၊ လောလောဆယ်တော့ ခရီးသွားလည်း မလာဘူး၊ များသောအားဖြင့် ဒီအချိန်က ရောဂါလည်း ဖြစ်တဲ့အတွက် ဝန်ထမ်းတွေလည်း အကုန်လုံး လျှော့လိုက်ပြီးပြီ၊ အရေးပေါ်အခြေအနေတွေ လက်ခံဖို့ ဝန်ထမ်းနည်းနည်းပဲ ထားတယ်၊ အရင်ကဆိုရင် ဒီအချိန် သင်္ကြန်ကာလ ဆိုတော့ ခရီးသွားတွေ ရှိတာပေါ့” ဟု ပြောသည်။

ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် ချင်းပြည်နယ်သို့ လာရောက်လည်ပတ်ရာတွင် ခေါ်နူးစုမ်တောင်၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းရွာ၊ ရိဒ်ရေကန်၊ ဘုံတလာရေတံခွန် စသည့်နေရာများသို့ ဝင်ရောက်မှု များပြားခဲ့သည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...