ကိုဗစ် ၁၉ ဖြစ်ပွားချိန် ချင်းပြည်နယ်သို့ ပြည်ပပြန် ၄၅၀ ကျော် ဝင်ရောက်

ကိုဗစ် ၁၉ ဖြစ်ပွားချိန် ချင်းပြည်နယ်သို့ ပြည်ပပြန် ၄၅၀ ကျော် ဝင်ရောက်

Salai Khup Khup - ကမ္ဘာ့ကပ်ရောဂါ Covid-19 ဖြစ်ပွားနေချိန် ချင်းပြည်နယ်သို့  ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူဦးရေ ၄၆၉ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းအရ သိရသည်။

ပြည်ပပြန်စာရင်းများတွင် သံသယလူနာ တစ်ဦးမျှ မရှိသော်လည်း စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရသူ ၂၉၉ ဦးရှိပြီး ၁၇၀ ဦးကို နေအိမ်သို့ ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရောဂါပိုးတွေ့သူ မရှိသေးကြောင်း သိရသည်။

ပြည်ပမှ ချင်းပြည်နယ်သို့ အဝင် မြို့နယ်အလိုက် စာရင်းတွင် တီးတိန်တွင် ၁၄၅ ဦးခန့်ဖြင့် ပြန်လာသူအများဆုံး၊ ဟားခါးတွင် ၁၆ဦး၊ ထန်တလန်တွင် ၃၈ဦး၊ ဖလမ်းတွင် ၇၂ဦး၊ တွန်းဇံတွင် ၂၅ဦး၊ မင်းတပ်တွင် ၉၉ဦး၊ မတူပီတွင် ၂၈ဦး၊ ကန်ပက်လက်တွင် ၁ဝဦး၊ ပလက်ဝတွင် ၃၆ဦး၊ ပေါင်း ၄၆၉ဦး ရှိကြောင်း ပြည်နယ်အစိုးရစာရင်းအရ သိရသည်။

စောင့်ကြည့်ခံ ဦးရေမှာ မိဘဆွေမျိုးအိမ်တွင် နေသူ  ၂၇၈ ဦး ခန့်ရှိပြီး အချို့မှာ ဘာသာရေး အဆောက်အဦများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တီးတိန်မြို့ရှိ ပြည်ပပြန်လူနာလည်း ပြန်လည်သက်သာလာပြီဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေကြောင်းသိရသည်။

ချင်းပြည်နယ်အစိုးရအအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “သက်တော့ သက်သာတယ်။ ဆေးရုံကနေတော့ မဆင်းရသေးဘူး။ စောင့်ကြည့် လူနာအဖြစ်တော့ ဆက်ရှိနေဦးမှာပဲ။ လက်ရှိတော့ လုံးဝပျောက်သွားတာမျိုး မဟုတ်သေးတော့ ပထမဆုံးဖြစ်တဲ့ လူနာဆိုတော့ သူ့ကို နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဦးမယ်”ဟု ပြောသည်။

တီးတိန်မြို့တွင် ပိုးရှိသူ လူနာ တစ်ဦး တွေ့ရှိပြီးနောက် ၎င်းနှင့် ထိတွေ့ ဆက်ဆံခဲ့သူ ၄၄ ဦးကိုလည်း စောင့်ကြည့်လျက်ရှိရာ လက်ရှိအချိန်ထိ ကျန်းမာနေကြကြောင်းလည်း သိရသည်။

ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကိစ္စ  (၁၄)ရက် စောင့်ကြည့်ခံနေသူ ငါးရာဝန်းကျင် ရှိပြီး  နိုင်ငံခြားမှ လတ်တလောပြန်လာသူ ၄၆၉ ဦးရှိသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...