ကေအဲန်ယူ တောင်ငူခရိုင်တွင် သိန်း ၂၀၀ ကျော်တန်ဘိုးရှိ Covid -19 ကာကွယ်ရေး ပစ္စည်းများဖြန့်ဝေ

ကေအဲန်ယူ တောင်ငူခရိုင်တွင် သိန်း ၂၀၀ ကျော်တန်ဘိုးရှိ Covid -19 ကာကွယ်ရေး ပစ္စည်းများဖြန့်ဝေ

စောထွန်းလင်း - ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ကျပ်သိန်း ၂၀၀ ကျော် တန်ဘိုးရှိ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများကို The Consortium of Dutch NGOs (CDN) နှင့် ကေအဲန်ယူတို့ ပူးပေါင်းကာ မတ် ၃၁ ရက်နေ့တွင် စတင်ဖြန့်ဝေသွားမည်ဟု တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကေအဲန်ယူ၊ တောင်ငူခရိုင်လက်အောက်ခံ မြို့နယ် ၃ ခုက ကျေးရွာတွေကို ကိုဗစ်ကာကွယ်ရေး အသိ ပညာပေးတာတွေ လုပ်ဆောင်နေတယ်။ အထူးသဖြင့် ကာကွယ်ရေး အပိုင်းဖြစ်တဲ့ လက်ဆေးတာတွေကို အ သိပညာပေးတယ်။ နောက်ဆက်တွဲ အနေနဲ့ CDN နဲ့ ပူးပေါင်းပြီးတော့ LIFT (The Livelihoods and Food Security Trust Fund) အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ တကိုယ်ရေသုံးသန့်စင်ရေး ပစ္စည်းသိန်း ၂၀၀ ကျော်ဖိုးကို ကျေးရွာတွေ မှာ ဒီနေ့ (မတ် ၃၁ ) စဖြန့်ဝေတယ်” ဟု ပြောသည်။

CDN အနေဖြင့် ကေအဲန်ယူ၊ တောင်ငူခရိုင်အတွင်း၌ ခရိုင်တာဝန်ရှိသူများနှင့် ပူးပေါင်းကာ တောင်သူများ နည်း ပညာနှင့် ဝင်ငွေတိုးရေး၊ ကလေးသူငယ်နှင့် အမျိုးသမီးများ အဟာရမြှင့်တင်ခြင်း လုပ်ငန်းစဉ်များကို လုပ် ဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း စီမံကိန်းညှိနှိုင်းရေးမှူး စောအယ်ကလယ်ထူးက ကေအိုင်စီသို့ ပြောသည်။

“ ဒီဧရိယာထဲမှာ NGO အနေနဲ့ ကျနော်တို့ လုပ်ဆောင်နေတယ်။ ကိုဗစ်-၁၉ ဖြစ်လာတော့ ဒီဒေသထဲမှာ လိုအပ်နေတဲ့ အသိပညာပေးတာတွေကို LIFT ရဲ့ပံ့ပိုးမှုနဲ့ တစ်ကိုယ်ရေသုံး သန့်စင်ရေးပစ္စည်း အခုရေ ၁၅၀၀ ကို ကေအဲန်ယူရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ဝေတာပေါ့နော်”ဟု စောအယ်ကလယ်ထူးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြန်မာပြည်တွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ ၁၄ ဦးရှိပြီး ဖြစ်သလို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကလည်း ထိန်းချုပ်နယ်မြေများတွင် အသိပညာပေး၊ ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...