ရခိုင်တိုင်းရင်းသတင်းဌာန နှစ်ခုကို MPT နှင့် Mytel ဖြင့် ဖတ်ရှု၍ မရ

ရခိုင်တိုင်းရင်းသတင်းဌာန နှစ်ခုကို MPT နှင့် Mytel ဖြင့် ဖတ်ရှု၍ မရ

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာန ၂ ခုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Mytel တို့ဖြင့် ဝင်ရောက်ဖတ်ရှု၍ မရသည်မှာ ၁ ပတ်ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား မီဒီယာဖြစ်သော နိရဥ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ အင်တာနက်သတင်း စာမျက်နှာများကို မတ်လ ၂၄ ရက်နေ့မှ စပြီး ဖတ်ရှု၍ မရတော့ကြောင်း စာဖတ်ပရိသတ်များအကြောင်းကြားလာရာမှ သိရသည်ဟု ဆိုသည်။

တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ ၂ ခု၏ ယခုလုပ်ရပ်သည် လွတ်လပ်စွာသတင်းရယူခွင့်ကို ကန့်သတ်သလိုဖြစ်နေသည်ဟု DMG သတင်းဌာနမှ အယ်ဒီတာ ပဒိုထွန်းအောင်က ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာက သတင်းမီဒီယာက ၂ ခုပဲရှိတာ။ ဆိုတော့ဒီ ၂ ခုစလုံးက ဝက်ဆိုက်တွေက ဝင်လို့မရတော့ဘူး။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေလည်း အများကြီးဖြစ်နေတယ်။ တိုက်ပွဲ နေ့တိုင်းဖြစ် လူတွေအများကြီး သေဆုံးနေတယ်။ နေ့စဉ်အမျှ သတင်းတွေက အများကြီးပဲလေ။ လွတ်လပ်စွာသတင်းထုတ်လုပ်မှုကို ကန့်သတ်လိုက်သလိုဖြစ်နေတယ်” ဟု ပြောသည်။

NLD အစိုးရမှလည်း ဆက်သွယ်ရေးအော်ပရေတာများ၏ သတင်းဌာနများပေါ် ဝက်ဘ်ဆိုက်စာမျက်နှာများ ပိတ်ပင်မှုနှင့် ရခိုင်၊ ချင်းပြည်နယ်ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများကို ပြန်လည်ဖွင့်ပေးရန် တိုင်းရင်းသားသတင်းမီဒီယာများ စုစည်းထားသော Burma News International (BNI) မှ မတ်လ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။

BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေ က “ဒီအချိန်ဟာ သတင်းမီဒီယာတွေ ပြည်သူထံ သတင်းမှန်ပေးပို့နိုင်ရေးဟာ အရေးကြီးဆုံးအချိန်ဖြစ်နေတယ်။ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ချီတက်နေတဲ့ ကျမတို့နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခ အခြေနေတွေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ ကူးစက်ရောဂါဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နှင့်အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ်အခြေစိုက် မီဒီယာတွေကို ပိတ်ပင်လိုက်ခြင်းဟာ လူထုပရိသတ်တွေကို သတင်းအမှောင်ချရာ ရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာ ရောက်နေပါတယ်” ဟု ပြောဆိုထားသည်။

အစိုးရသည် တိုက်ပွဲဖြစ်ပွားနေသော ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ပြတ်တောက်မှုများ ပြုလုပ်ထားနေဆဲ ဖြစ်သည်။

“အင်တာနက်ဖြတ်ထားလို့ မြို့နယ် ၈ ခုမှာ သတင်းအခက်အခဲဖြစ်နေတယ်။ အင်တာနက်အမှောင်ချနေတဲ့ကြားထဲ အဲဒီသတင်းတွေကို ရခိုင်မှာဖြစ်နေတဲ့ သတင်းတွေကို ကျနော်တို့က အချိန်နဲ့တပြေးညီ သတင်းမီဒီယာနည်းလမ်းတွေနဲ့အညီ တင်ပြနေတာပေါ့။ အဲကြောင့် သူတို့က အဲဒါတွေကိုလည်း မလိုလားဘူးလို့ ယူဆလို့ ရတာပေါ့” ဟု ရခိုင်ပြည်နယ်အခြေစိုက် နိရဥ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော် ပြောသည်။

ယခုဖြစ်စဉ်ကို သတင်းမီဒီယာကောင်စီထံ အကြောင်းကြားပြီး ဖြေရှင်းရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“ကျနော်တို့ ဝက်ဆိုက်တွေကို သေချာဝင်ကြည့်ဖို့ ကျနော်တို့သတင်းတွေက ဘယ်လောက် Bias ဖြစ်သလဲ ၊ တကယ်တမ်း ဥပဒေနဲ့ မညီညွတ်သလား သူတို့ဝင်ကြည့်ပေါ့။ ဝင်ကြည့်လို့ ဥပဒေနဲ့မညီညွတ်ရင် သတင်းမီဒီယာကောင်စီကို တိုင်ပေါ့။ အဲဒီလိုမဟုတ်ဘဲ တိုက်ရိုက်ပိတ်တယ်ဆိုတာ တရားဥပဒေနဲ့ မညီဘဲ လုပ်တယ်လို့ ထင်တယ်ပေါ့” ဟု ဦး ခိုင်မြတ်ကျော် ဆက်လက်ပြောဆိုသည်။

နိရဥ္စရာ နှင့် DMG သတင်းဌာနတို့ သည် Burma News International ၏ ကွန်ရက်အဖွဲ့ဝင်ဖြစ်သည်။ လက်ရှိ BNI တွင် တိုင်းရင်းသားဒေသအနှံ့ တိုင်းရင်းမီဒီယာပေါင်း ၁၆ ဖွဲ့ပါဝင်သည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...