နိုင်ငံခြားမှပြန်လာပြီး လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပသူကို အရေးယူ

နိုင်ငံခြားမှပြန်လာပြီး လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပသူကို အရေးယူ

Salai Khup Khup - စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခွန်မွန်းနွန်ကျေးရွာတွင် ဒေသန္တရအမိန့်ကို မလိုက်နာဘဲ မင်္ဂလာပွဲကျင်းပသူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၃၀-က) ဖြင့် အရေးယူထားကြောင်းသိရသည်။

အမေရိကမှပြန်လာသူ အသက် (၃၅) နှစ်အရွယ် မောင်ထန်လင်းရှိန်သည် မြန်မာနိုင်ငံသို့ မတ်လ (၁၇) ရက်နေ့တွင် ရောက်ရှိပြီး မတ်လ (၂၈) ရက်နေ့တွင် လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပခဲ့ရာ နှစ်ဖက်အသိုင်းအဝိုင်းမှ လူတစ်ရာဝန်းကျင် တက်ရောက်ကြောင်း တမူးမြို့နယ် ပြန်/ဆက်ရုံးထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးဆက်ပြန့်ပွားမှု မရှိစေရန် မင်္ဂလာပွဲကို ရက်ရွှေ့ကျင်းပရန် ညွှန်ကြားချက်များ၊ ဒေသန္တရ အမိန့်များ၊ တည်ဆဲဥပဒေများကို သိရှိ ဆောင်ရွက်ရန် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက စာဖြင့်၊ နှုတ်ဖြင့် ကြပ်မတ်တားမြစ်ခဲ့သော်လည်း လူစုလူဝေးဖြင့် ကျင်းပသည့်အတွက် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက “သက်ဆိုင်ရာဒေသန္တရ အာဏာပိုင် တွေက လူစုလူဝေး မနေဖို့ အကြောင်းကြားပေမယ့် လိုက်နာမှုမရှိလို့ ဥပဒေအရ အရေးယူတယ်လို့ သိရတယ်။ ဒီအပေါ်မှာ မှတ်ချက် မပေးလိုဘူး” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီကလည်း ယင်းသို့ အမှုဖွင့်အရေးယူမှုအပေါ် ခွင့်ပြုကြောင်း မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖော်ပြပါဥပဒေ ပုဒ်မကိုဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားလျှင် ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...