AA ရှိသော KIO နယ်မြေ တိုက်ခိုက်ခံရမည်ဟု မြန်မာတပ် သတိပေး

AA ရှိသော KIO နယ်မြေ တိုက်ခိုက်ခံရမည်ဟု မြန်မာတပ် သတိပေး
KIA စစ်ရေးပြ၊ လိုင်ဇာမြို့၊ ကချင်ပြည်နယ်
KIA စစ်ရေးပြ၊ လိုင်ဇာမြို့၊ ကချင်ပြည်နယ်

အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခံထားရသော ရက္ခိုင့်တပ်မတော် AA ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ပြင်းထန်စွာ တိုက်ခိုက်မှုခံရမည်ဟု သတိပေးထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (Peace-talk Creation Group )ထံမှ သိရသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group မှတဆင့် KIO ကို သတိပေးခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ PCG ကို မပခ တိုင်းမှူးကနေ ဒီလ ၂၀ ရက်နေ့မှာ ခေါ်ယူ အသိပေးတာရှိပါတယ်။ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်ပြီဖြစ်တဲ့အတွက် KIO နယ်မြေမှာ AA ရှိတဲ့အတွက် AA ကိုတိုက်ဖို့ ရှိလာတယ်။ ဒါကြောင့်မို့ AA တွေကို အမြန် ဖယ်ထုတ်လိုက်ပါ ဆိုပြီးတော့ အသိပေးတာမျိုး ရှိပါတယ်” ဟု မြစ်ကြီးနား အခြေစိုက် PCG မှ Duwa Lamai Gum Ja (ဒူဝါ လမိုင် ဂွမ်ဂျာ) က ပြောသည်။

မြန်မာအစိုးရက KIO နယ်မြေထဲမှာပဲ AA ရှိသည်ဟု ထင်မြင်ထားနေသော်လည်း AA ဌာနချုပ်သည် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ် Pangsang (ပန်ဆိုင်း)မှာ အခြေစိုက်ထားကြောင်း Duwa Lamai Gum Ja ဆက်ဆိုသည်။

“KIO နယ်မြေမှာ သူတို့ (AA)တပ်စွဲပြီး ဌာနချုပ်လုပ်တာ မရှိပါဘူး။ စစ်သားတွေ နည်းနည်းပါးပါး ရှိတာ လောက်ပါပဲ။  ဒါပေမယ့် သူတို့ အဓိက ဌာနချုပ် အနေနဲ့ အခြေစိုက်တာကတော့ Pangsang (ပန်ဆိုင်း)မှာ ဖြစ်ပါတော့ KIO ကိုပဲ အစိုးရ ဖိအားပေး ပြောဆိုနေပေမယ့်လည်း ‘ဝ’ ဘက်မှာ ရှိတဲ့ အဖွဲ့တွေနဲ့ပါ ပတ်သက်နေပါတယ်။”

PCG မှတဆင့် မပခ သို့ မတ်လ (၂၆) ပေးပို့သော  KIO ၏ စာထဲတွင် “bilateral အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားချိန်မှာ အခု ဖြစ်ပွားနေတဲ့ coronavirus ရောဂါကြောင့် အစိုးရနဲ့ မတွေ့ဆုံ နိုင်တာဖြစ်တယ်၊ လက်မှတ် မရေးထိုးချင်တဲ့ သဘော မရှိပါဘူး။ ဒီလို အခြေအနေမှာ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာတာဟာ ပြဿနာကို အဖြေရှာတဲ့ နည်းလမ်း မမှန်ဘူး” ဆိုပြီးတော့ KIO ဘက်က တုန့်ပြန်ထားချက် ရှိကြောင်း သူက ဆိုသည်။

မြန်မာအစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်ကြသော ကချင် KIO၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့ကြား နှစ်ဦးနှစ်ဖက် အပစ်ရပ်ကိစ္စ ပုံမှန် ဆွေးနွေးနေခြင်းသည် တရုတ် နှစ်သစ်ကူးမတိုင်မီ Wuhan မှ စတင် ဖြစ်ပွားလာသော coronavirus ရောဂါကြောင့် ဖေဖေါ်ဝါရီလ ကတည်းက ရပ်ဆိုင်းနေခြင်းဖြစ်သည်။

မတ်လအတွင်း နှစ်ဖက် ပြန်လည် တွေ့ဆုံနိုင်ရန် ညှိနှိုင်းမှုများရှိသော်လည်း တွေ့ဆုံမည့် နေရာ သဘော မတူနိုင်သေးကြောင်း သိရသည်။ မြောက်ပိုင်းအဖွဲ့က လုံခြုံရေးကြောင့် တရုတ်ပြည်တွင် တွေ့ဆုံရန် တင်ပြထားပြီး အစိုးရဘက်က တရုတ်ပြည်တွင် coronavirus စိုးရိမ်ရသောကြောင့် ပြည်တွင်းမှာ ကျိုင်းတုံ သို့မဟုတ် မြစ်ကြီးနား တွင် တွေ့ဆုံလိုကြောင်း Duwa Lamai Gum Jaက ဆိုသည်။

အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေချိန်မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် AA ကို အစိုးရဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာလိုက်ခြင်း နှင့် coronavirus ကူးစက်မှုကာကွယ်ရန် ဧပြီလ ၃၀ ထိ လူစုလူဝေး မပြုလုပ်ရန် အစိုးရ၏ ထုတ်ပြန်ထားချက်ကြောင့်လည်း ဧပြီလ နောက်ပိုင်းမှ နှစ်ဖက် တွေ့ဆုံနိုင်မည်ဖြစ်သည်ဟု Duwa Lamai Gum Ja က သုံးသပ်သည်။

ယခုအချိန် တစ်ကမ္ဘာလုံး coronavirus ကပ်ရောဂါ ခံစားနေချိန်မှာ တပ်မတော်မှ AA ကို အကြောင်းပြုပြီး KIO ဌာနချုပ် Laiza ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်ခြင်း မလုပ်သင့်ကြောင်း၊ စစ်ရေးနှင့် ပြဿနာ မဖြေရှင်းသင့်ကြောင်းကို မပခ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့်မတ်လ (၂၈)ရက်နေ့ မြစ်ကြီးနားမြို့တွင် ထပ်မံတွေ့ဆုံစဉ် PCG က တိုက်တွန်းခဲ့ကြောင်း Duwa Lamai Gum Ja က ကချင်သတင်းဌာန KNG ကို ပြောသည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...