ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရခိုင်ရှိ ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင်များ ယာယီပိတ်ထားရန် တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရခိုင်ရှိ ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင်များ ယာယီပိတ်ထားရန် တိုက်တွန်း

ခင်သရဖီဦး  -  ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ် ပိုင်သင်တန်းများနှင့် ဘော်ဒါဆောင်များကို ဧပြီလ (၃၀)ရက်နေ့အထိ ပိတ်ထားကြရန် ရခိုင်ပြည်နယ် ကိုယ်ပိုင်ကျောင်းများအသင်းက တိုက်တွန်းလိုက်သည်။

မတ်လ (၁၃)ရက်မှ ဧပြီလ (၃၀)ရက်နေ့အထိ အခြေခံပညာကျောင်းများအပါအဝင် ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများတွင် ရက်တို/ရက်ရှည် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများ မပြုလုပ်ရန်လည်း ပညာရေးဌာနက ညွှန်ကြားထားသည်။

“စစ်တွေမြို့မှာတော့ ပိတ်ထားဖို့ပြောထားပါတယ်။ ကျောင်းအကုန်လည်း ပိတ်လိုက်ပါပြီ”ဟု ရခိုင်ပြည်နယ်ကိုယ်ပိုင်ကျောင်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်သောင်းက DMG သို့ ပြောသည်။

မူလက စစ်တွေမြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ဘော်ဒါဆောင်များသည် မတ်လတတိယပတ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုကဲ့သို့ ယာယီ ပိတ်ထားကြခြင်းဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က စစ်တွေမြို့တွင် ရခိုင်ပြည်နယ်ကိုယ်ပိုင်ကျောင်းများအသင်း ကော်မတီဝင်များနှင့် ပညာရေးဘော်ဒါဆောင်များမှ ဆရာများသည် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အစိုးရ၏ ညွှန်ကြားမှုကို အားလုံးတူညီစွာ လိုက်နာလျက် ကျောင်းများပိတ်ထားရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက် ထုတ်ခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ကိုယ် ပိုင်ကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရန်နှင့် ပုဂ္ဂလိကဘော်ဒါဆောင်များ ဖွင့်လှစ်ခြင်းအား ခေတ္တရပ်ဆိုင်းထားရန်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...