မြစ်ကြီးနားတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဒေသန္တရအမိန့်စာ ထုတ်ပြန်

မြစ်ကြီးနားတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဒေသန္တရအမိန့်စာ ထုတ်ပြန်

Ann - အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ  COVID -19 ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး  ဒေသန္တရအမိန့်စာ တစ်စောင်ကို မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။

လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု ယင်းအမိန့်စာတွင် ဖော်ပြထားသည်။

အဆိုပါအမိန့်စာတွင် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကန့်သတ်သွားနိုင်ရေးအတွက် လိုက်နာရမည့် ဒေသန္တရအမိန့် (၈)ချက် ဟူ၍  ဖော်ပြထားသည်။

အမိန့်(၈)ချက်မှာ

(၁)ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ပြီး စစ်ဆေးမှုခံယူရန်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ သတင်းပို့ရန်

( ၂)နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများအား Home Quarantineအဖြစ် (၁၄)ရက် ထားရှိရန်

(၃)ကျန်းမာရေးစစ်ဆေးခံယူပြီးနောက် သံသယဖြစ်ဖွယ်လက္ခဏာတွေ့ရှိပါက ကျန်းမာရေးဌာနက သတ်မှတ်ထားသော ဆေးရုံတစ်ခုတွင် လည်းကောင်း၊ လက္ခဏာမတွေ့ပါက နေအိမ် (သို့) သီးခြားသတ်မှတ်ထားသောနေရာတွင် (၁၄) ရက် စောင့်ကြည့်မှုခံယူရန်

(၄)မြစ်ကြီးနားမြို့နယ်အတွင်း ပြည်ပမှ လမ်းကြောင်းအမျိုးမျိုးဖြင့် ဝင်လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှုပြုလုပ်သွားရန်

(၅)စားသောက်ဆိုင်များမှ ဝယ်ယူစားသောက်ပါက ဆိုင်အတွင်းထိုင်၍ စားသောက်မှုမပြုရန်၊ ပါဆယ်ယူရန် နှင့် ဆိုက်ရှင်များမှလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးရန်

(၆)COVID-19 ကြိုတင်ကာကွယ်ရန်နှင့် မဖြစ်ပွားရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန်

(၇)မိမိပတ်ဝန်းကျင်တွင် သံသယလူနာ တွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပို့ရန်

(၈)အများပြည်သူ စိုးရိမ်ထိတ်လန့်စေမည့် မဟုတ်မမှန်သတင်း၊ ကောလာဟလများကို ဖြန့်ဝေခြင်းမပြုရန် ဆိုသည့် အချက်များ ပါရှိသည်။

ဒေသန္တရအမိန့်စာသည် ထုတ်ပြန်သည့်နေ့မှစ၍ ဧပြီလ ၃၀ရက်နေ့ထိ အတည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...