မင်းပြားတိုက်ပွဲကြောင့် ရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

မင်းပြားတိုက်ပွဲကြောင့် ရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအနီးတွင် ယနေ့မတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ နံနက်ပိုင်း (၈)နာရီခွဲခန့်က မင်းပြားမြို့နယ်ရှိ စိတ္တရကျေးရွာ၊ တောင်ပုတ်ကေကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ မြင်းတင်မကျေးရွာနှင့် ဖုန်သာချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ ကြောက်လန့်၍ ထွက်ပြေးကြခြင်းဖြစ်သည်ဟု စိတ္တရကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။့

“ကျနော်တို့တွေအနေနဲ့ စိုးရိမ်ရတာကတော့ အခုဆိုရင် အနယ်နယ်အရပ်ရပ်မှာရော၊ သတင်းတွွေမှာရောကြားနေရတယ်။ တိုက်ပွဲက တောထဲမှာဖြစ်တယ်။ ရွာထဲဝင်ပြီးတော့ နေအိမ်တွေကို မီးတိုက်တယ်။ နောက်ပြီးတော့ ရွာထဲကလူတွေကို ခေါ်ပြီးတော့စုထားတယ်။ ပြီးတော့ နှိပ်စက်တယ်။ အိမ်တွေကိုဝင်ပြီးတော့ ပစ္စည်းတွေကို ယူသွားတာတွေရှိတယ်။ အဲဒီလိုမျိုးတွေ လုပ်လာမှာကို စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများသည် ဒုံးသားကျေးရွာနှင့် အသေကန်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

မင်းပြားမြို့ုနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က “မနက်က ပစ်ခတ်သံတွေကြားတယ်။ နောက်တော့ တောင်ပုတ်ကေကျေးရွာ အနီးအနားမှာ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာကာ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...