အိန္ဒိယတစ်နိုင်ငံလုံး Lockdown ထပ်တိုးလိုက်ခြင်းကြောင့် ချင်းဒုက္ခသည်များ အခက်ကြုံ

အိန္ဒိယတစ်နိုင်ငံလုံး Lockdown ထပ်တိုးလိုက်ခြင်းကြောင့် ချင်းဒုက္ခသည်များ အခက်ကြုံ

မိုးကျော် – ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံးတွင် Lockdown ချလိုက်ခြင်းကို မတ်လ ၂၄ ရက်နေ့ညကစပြီး ရက်ပေါင်း ၂၁ ရက်အထိ အိန္ဒိယအစိုးရက ရက်ထပ်တိုးလိုက်ခြင်းကြောင့် အိန္ဒိယရောက်မြန်မာနိုင်ငံသားများ အခက်တွေ့နေကြရကြောင်းသိရသည်။

ထို့ကဲ့သို့ Lockdown ချလိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီတွင်ရောက်ရှိနေကြသည့် ဒုက္ခသည်ချင်းလူမျိုးများ စားဝတ်နေရေးအတော်လေးအခက်အခဲဖြစ်လာကြသည်ဟု နယူးဒေလီရှိ Refugee အရေး လုပ်ဆောင်ပေးနေသော CHRO တာဝန်ခံ Salai Cung Dawt က ပြောသည်။

“ကျနော်တို့ Refugee တော်တော်များများက Company, Local Factory တွေမှာ အလုပ်လုပ်တဲ့သူတွေများတယ်။ ခုဆိုရင် အလုပ်လုပ်လို့လည်းမရတော့ဘူး။ ညဘက်အလုပ်လုပ်တဲ့သူတွေလည်း အတော်များများရှိကြတယ်၊ သူတို့လည်း အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒီတော့ စားဝတ်နေရေး နှင့် အိမ်ငှားခပေးစရာမရှိတဲ့သူတွေ ရှိတယ်။ ကျနော်တို့ Refugee ဆိုတာ တနေ့ လုပ်မှတနေ့စားရတဲ့ဘဝပါ၊ တစ်ရက်နှစ်ရက်လေးမှာတောင် ပြဿနာကစလာပြီ စားကုန်တွေ ကြိုတင်ဝယ်ယူမစုစောင်းနိုင်တဲ့သူ၊ လကုန်လို့ အိမ်ငှားခမပေးနိုင်ရင် မောင်းထုတ်ခံရမလား စိုးရိမ်ရတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

ဆက်ပြီးသူက “ကျနော်တို့ Refugee တွေထဲမှာ သြစတေးလျ ဗီဇာစောင့်တဲ့သူ တော်တော်များများရှိတယ်၊ မတ်လ ပထမပတ်တုန်း ကတော့ သတင်းကောင်းကို ကြားရတယ် အင်တာဗျူးခေါ်တဲ့သူတွေလည်းရှိတယ်။ မတ်လကုန်ပိုင်းဆိုရင် ဗီဇာရတဲ့သူများမယ်လို့ ခန့်မှန်းထားတယ်။ ခုတော့ ဒီပြဿနာကြောင့် အကုန်ပိတ်လိုက်တော့ ဘယ်လိုဆက်ဖြစ်လာမလဲဆိုပြီး စိတ်ပူနေရတယ်။” ဟုပြောသည်။

အလားတူ အိန္ဒိယနိုင်ငံရှေ့မြောက်ပြည်နယ် မီဇိုရမ်ရှိ မြန်မာနိုင်ငံသားများလည်း အခက်တွေ့ကြုံ နေကြရကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာယက္ကန်းသမားများတွင်လည်း လက်ရှိအခြေအနေတွင် ကြီးကြီးမားမား အခက်အခဲမရှိသေးသော်လည်း ရှိလာနိုင်ဖွယ်ရှိကြောင်း မြန်မာလူမှုရေးအသင်းတာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“မြန်မာလူမျိုးတွေက ဒေသခံစကားမတတ်တော့ အပြင်မထွက်ရအမိန်ထုတ်ကြေငြာသော်လည်း အပြင်ထွက်တဲ့သူတွေရှိတယ်။ အဲဒါကအစ လိုက်ပြီး စော်အောနေရတယ်။ စားကုန်တွေဝယ်စုစောင်းခိုင်းထားတယ်။ လောလောဆယ်တော့ အဆင်ပြေနေပြီမဲ့ ကြာလာရင်တော့ အတော်လေး အခက်တွေ့လာနိုင်တယ်”

အိုင်ဇောလ်မြို့သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိူးများ သောင်းနှင့်ချီနေထိုင်ကြသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ COVID 19 ကြောင့် တစ်ပြည်နယ်လုံး Lockdown ချလိုက်သည့်အတွက် ၎င်းတို့၏ အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် ဝင်ငွေများ ထိခိုက်လာနိုင်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...