ကချင်တွင် တရုတ် ငှက်ပျောတင် ကားကြီးများကို ဝင်ထွက်ခွင့် ပေးထား၊ ကျန်းမာရေး စိစစ်ကြပ်မတ်ပြီးမှ ခွင့်ပြုသည်ဟု အစိုးရ ပြော

ကချင်တွင် တရုတ် ငှက်ပျောတင် ကားကြီးများကို ဝင်ထွက်ခွင့် ပေးထား၊ ကျန်းမာရေး စိစစ်ကြပ်မတ်ပြီးမှ ခွင့်ပြုသည်ဟု အစိုးရ ပြော

Ah Je - ကချင်ပြည်နယ်တွင် တရုတ် တစ်သျှူးငှက်ပျော ကုန်တင်တွဲကားကြီးများကို ကျန်မာရေး စိစစ်ကြပ်မတ်ကာ ဝင်ထွက်သွားလာခွင့်ပေးထားကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောသည်။

“သူတို့ သွားမယ်၊ လာမယ်ဆိုလို့ရှိရင် တရုတ်ပြည်ကနေ တရားဝင် ကျန်းမာရေးစစ်ဆေးချက် ပါရမယ်။ ကူးစက်ခံရသူ ဟုတ် မဟုတ်၊ စောင့်ရှောက်ရေးစခန်းမှာ ၁၅ ရက် စောင့်ကြည့်ပြီး ကင်းရှင်းပြီဆိုရင် ထိန်ချုန်းမှာလည်း ၁၅ရက် ထပ် စောင့်ကြည့်ပြီး ဝင်ထွက်ခွင့် ပေးထားတယ်”ဟု ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းက ရှင်းပြသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ပိတ်ပင်ထားသော အဆိုပါယာဉ်ကြီးများဝင်ထွက်သွားလာခွင့်ကို ကချင်ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၂၃ရက်တွင် ပြန်လည်ခွင့်ပြုထားခြင်းဖြစ်သည်။

ပြည်နယ်သို့ ဝင်ရောက်လာသည့် ယင်း ကားကြီးများကို ပိုးသတ်ဆေးဖြန်းခြင်းများလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ထိုကားကြီးများဝင်ထွက်သွားလာရာမှ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြောင်း မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်နေ ကိုထွန်းထွန်းဦးက ပြောသည်။

“တရုတ်ပြည်ထဲမှာ ဒီရောဂါပိုးတွေ ဖြစ်နေပြီး အဲဒီရောဂါတွေ မြန်မာပြည်ထဲ ဝင်လာရင် အန္တရာယ်ရှိတယ်လေ။ အဲဒါကြောင့် ဒီရောဂါပိုး ပါလာခဲ့သည်ရှိသော် ကျွန်တော်တို့က ဒုက္ခတွေ အများကြီး ရောက်နိုင်တယ်လေ။ နောက်မှာလည်း မိသားစုတွေ ရှိတယ်”ဟု ကိုထွန်းထွန်းဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် မကူးစက် မပြန့်ပွားလာစေရန် နယ်စပ်ဂိတ်များတွင် ယဉ်နှင့် လူဝင်လူထွက် မရှိစေရေး တင်းကြပ်စွာ စိစစ်ပေးဖို့ ဖေဖော်ဝါရီ ၂၄ ရက်တွင် မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့၌ လူဦးရေ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...