ကျောက်တော်မြို့နယ် စစ်ဘေးရှောင် (၁၀၀၀)ကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေ

ကျောက်တော်မြို့နယ် စစ်ဘေးရှောင် (၁၀၀၀)ကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် တွေ့ရသည့် မိသားစုတစ်စု။
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် တွေ့ရသည့် မိသားစုတစ်စု။

အောင်ထိန် - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် (၁၀၀၀) ကျော်မှာ စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာပေါင်း (၁၀)ရွာခန့်က ဒေသခံများ လာရောက်ခိုလှုံနေကြသောကြောင့် ယခုကဲ့သို့ ရိက္ခာ လိုအပ်နေခြင်းဟု စခန်းတာဝန်ခံ ဦးသန်းလှက ဆိုသည်။

စစ်ဘေးရှောင်များကို ယခင်က ရွာအနီးဒေသခံများနှင့် တခြားကူညီကယ်ဆယ်ရေး အဖွဲ့များကလည်း ထောက်ပံ့မှုများရှိခဲ့သည်။ သို့သော် လက်ရှိတွင် ကူညီထောက်ပံ့မှု နည်းပါးလာသဖြင့် စားနပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်သည်။

“လူတစ်ယောက်ကို တစ်ရက်မှာ နို့ဆီဘူးလေးဘူးကျနဲ့ သုံးရက်တာအတွက် ပေးထားတယ်။ နောက် ဆီ၊ဆား၊ ငရုတ် ဆီဆိုရင် အိမ်ထောင်စုလိုက်ပဲ ပေးမယ်။ တစ်အိမ်ထောင်ကို ဆီ တစ်လီတာမှာ တစ်ဝက်ကျ ပေးထားတယ်။ အဲဒါလေးတွေနဲ့ ချွေတာ စားသုံးနေရတယ်” ဟု ဦးသန်းလှက ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရွှေပြည်ကျေးရွာ၊ သာစည်၊ မာလာ၊ မျောက်တောင်၊ တင်းမကြီး၊ တင်း မငယ်ကျေးရွာ၊ ပြိုင်းတိုင်း၊ အောင်သာယာ၊ လောင်းရှည် စသည့်ကျေးရွာများမှ ဒေသခံများ ခိုလှုံနေကြခြင်း ဖြစ်သည်။

“ကျနော်တို့ အေးအေးချမ်းချမ်း ဖြစ်သွားရင်လည်း ဘယ်လို ပြန်မှာလဲ။ ကျနော်တို့ ကျေးရွာသားတွေမှာ အိမ်လည်း မရှိတော့ဘူး။ အကုန်လုံး မီးရှို့ခံရလို့ အိမ်တွေက ပြာကျသွားပြီး။ ကျွဲ၊ နွားတွေလည်း အကုန် သေကုန်ပြီ။ ကျနော်တို့ ဘယ်လို လုပ်ကိုင်စားသောက်မှာလဲ” ဟု ပြိုင်းတိုင်းကျေးရွာမှ ဦးမောင်ပုက ပြောသည်။

အဆိုပါစခန်းတွင် ယခင်က စစ်ဘေးရှောင် (၇၀)ကျော်သာရှိပြီး မတ်လ ၁၅ မှ ၂၁ ရက်အတွင်း ဦးရေ  (၁၀၀၀)ကျော် တိုးလာခြင်း ဖြစ်သည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...