မြောင်းမြတွင် ကရင်အမျိုးသားပါတီ ရပ်ကျေးရုံးများ ဆက်တိုက် ဖွင့်မည်

မြောင်းမြတွင် ကရင်အမျိုးသားပါတီ ရပ်ကျေးရုံးများ ဆက်တိုက် ဖွင့်မည်

စောထွန်းလင်း — ဧရာဝတီတိုင်းဒေသကြီး မြောင်းမြို့နယ်တွင် ကရင်အမျိုးသားပါတီ KNP က ကျေးရွာစည်းရုံးရေးကော်မတီရုံး ဆိုင်းဘုတ်တင် ဖွင့်ပွဲများ ဆက်တိုက် ပြုလုပ်သွားမည်ဟု မြောင်းမြမြို့နယ် ပါတီစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ မန်းစမ်းစန်က ကေအိုင်စီသို့ ပြောသည်။

 “ KNP မြောင်းမြမြို့နယ်ရုံးကိုတော့ မြို့ပေါ်မှာ ဖွင့်ထားပါတယ်။ မြောင်းမြမှာက တိုက်နယ် ၇ ခု ရှိတယ်။ အနည်းဆုံး ၆ ခုမှာ ကျေးရွာအုပ်စု စည်းရုံးရေးကော်မတီရုံး ဆိုင်းဘုတ်တင်ပွဲတွေ ဆက်သွားဖို့ စီစဉ်နေတယ်” ဟု ၎င်းက မတ် ၁၁ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

မတ် ၅ ရက်နေ့တွင် သူဌေးကုန်းကျေးရွာ၊ ကြွက်နွယ်ချောင်းကျေးရာအုပ်စု၊ ပြင်ရွာတိုက်နယ်တွင်လည်းကောင်း မတ်၁၄ ရက်နေ့တွင် ကဝက် ချောင်းဖျားရွာ၊ ကဝက်တိုက်နယ်တွင်လည်းကောင်း ပါတီဆိုင်းဘုတ်တင် ဖွင့်ပွဲများ ပြုလုပ်သွားမည်ဖြစ် သည်။ ထိုနောက် လာမည့်ဧပြီတွင်လည်း ကျန်တိုက်နယ်များ၌ ကျေးရွာပါတီရုံးများ ဆက်လက်ဖွင့်သွားမည်ဖြစ်သည်ဟု သိရသည်။

KNP အတွင်းရေးမှူး (၁) မန်းမင်းရဲထွေးက “ မြောင်းမြမှာ လာမယ့်ရွေးကောက်ပွဲ အတွက်က တော့ ချင့်ချိန်စဉ်းစားနေတုန်းပဲ။ ကိုယ့်ကရင်များတဲ့နေရာ၊ ပါတီအားကောင်းတဲ့ နေရာတွေဆို ပြင်ထားရမှာပေါ့” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အားပြုတည်ထောင်ထားသည့် KNP ပါတီ အနေဖြင့် မြောင်း မြ မြို့နယ်တွင် ကနဦးစာရင်းအရ ပါတီဝင် ၂၀၀ ခန့်ရှိကာ ရပ်ကျေး ရုံးများဖွင့်ပြီးနောက် ပါတီဝင် ၅၀၀ ကျော်သို့တိုးလာမည်ဟု မြို့နယ်စည်းရုံးရေးကော်မတီထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...