တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာများ စျေးနှုန်း အလွန် မြင့်မားနေ

တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာများ စျေးနှုန်း အလွန် မြင့်မားနေ

မျိုးသီရိကျော် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသဖြင့် ဆန်အပါဝင် စားနပ်ရိက္ခာစျေးနှုန်းများ ပုံမှန်ထက် ၃ဆကျော် ၄ဆ ခန့် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်မြို့မှ ဒေသခံများမှာ ဆန်နှင့် စားနပ်ရိက္ခာများကို ကျောက်တော်မြို့မှ အဓိက ဝယ်ယူစားသုံးနေကြသူများဖြစ်သည်။ သို့သော် တိုက်ပွဲများကြောင့် ရေလမ်းမှဆန်နှင့် စားနပ်ရိက္ခာသယ်ယူခွင့်များ မရရှိသဖြင့် စျေးနှုန်းမြင့်မားသွားခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံ ဦးကျော်လွင်က ပြောသည်။

“နေ့စားလုပ်နေတဲ့သူတွေမှာဆိုရင် တစ်ထောင်ဖိုး ခေါက်ဆွဲထုပ်နှစ်ထုပ်ကို ဝယ်ပြီး ဗိုက်ပြည့်ဖို့အတွက် မျှအောင်စားနေရတယ်။ သူတို့မှာ စားစရာဆန် မရှိတော့ဘူး။ အရင်က ဆန်နို့ဆီဘူး (၆)ဘူးစားတယ်ဆိုရင် အခုဆန်သုံးဘူးပဲစားနေရတယ်။ ငွေရှိတဲ့သူတွေဆိုရင်လည်း ဝယ်စရာဆန်တွေ မရှိတော့ဘူး။ အခုလို ဆက်ဖြစ်နေရင် နောက်ထပ် ဘယ်လိုစားပြီးနေရမလဲ” ဟု ၎င်းကဆိုသည်။

ယခင်က သုံးသောင်းကျပ်ခန့်သာရှိသည့် ဆန်ကြမ်းတစ်အိတ်လျှင် လက်ရှိ တွင် (၉) သောင်းမှ တစ်သိန်းကျပ် ထိရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် တစ်သောင်းကျပ်မှ တစ်သောင်း နှစ်ထောင်ကျပ်ထိရှိလာကာ ဆီ၊ဆားအစရှိသည့် ကုန်စျေးနှုန်းမှာလည်း စျေးနှုန်းမြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။

“တိုက်ပွဲတွေဖြစ်ရင်လည်း သူတို့အချင်းချင်းဖြစ်ပေါ့။ ပြည်သူလူထုရဲ့ စားဝတ်နေရေးကို မထိခိုက်စေချင်ဘူး။ အခု လိုမျိုးဆက်ဖြစ်နေရင်တော့ ငွေရှိတဲ့သူတွေလည်း ထမင်းငတ်မယ်။ ပြည်သူလူထုတွေကို သနားရင်တော့ စားဝတ်နေရေး ထိခိုက်အောင်မလုပ်တာ ကောင်းတယ်” ဟု ပလက်ဝမြို့နယ် နမဒါကျေးရွာမှ ဦးကျော်ကျော်က ပြောသည်။

ပလက်ဝမြို့နယ်ရှိ ဒေသခံများအတွက် အစိုးရဘက်မှ ဆန်အိတ် (၄၀၀၀) ၊WFP(World Foods Program) မှဆန်အိပ် (၂၀၀၀) ထောက်ပံ့ထားပြီး လက်ရှိတွင် စစ်တွေမြို့တွင်သာ ရှိသေးကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်း ရေးကောင်စီ (KACC) ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကဆိုသည်။

ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...