သတင်းထောက် နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်သည့် တပ်ဖွဲ့ဝင်များ အရေးယူထားမှု အခြေအနေ သတင်းမီဒီယာကောင်စီအား ဖိတ်ကြားတင်ပြမည်ဟု BGF ပြော

သတင်းထောက် နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်သည့် တပ်ဖွဲ့ဝင်များ အရေးယူထားမှု အခြေအနေ သတင်းမီဒီယာကောင်စီအား ဖိတ်ကြားတင်ပြမည်ဟု BGF ပြော
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဗဟိုအကြံပေးကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဗဟိုအကြံပေးကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်

မတ်လ ၈ ရက်၊ ၂၀၂၀ ခုနှစ်။ နေနော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ဖြစ်ပွားခဲ့သော သတင်းထောက် ၂ ဦးကို ၂၄ နာရီခန့်ကြာ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့ကြသည့် အောက်ခြေ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များကို အရေးယူထားရှိမှု အခြေအနေ၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တပ်မှူးများက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို မြဝတီမြို့သို့ ဖိတ်ကြား၍ ရှင်းလင်းတင်ပြသွားမည်ဟု သိရသည်။

မတ်လ ၄ ရက်နေ့ ညနေပိုင်းက မြဝတီမြို့ အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်တွင် သတင်းဓာတ်ပုံရိုက်ခဲ့သော ရန်ကုန် အခြေစိုက် Frontier Myanmar မဂ္ဂဇင်း မှ သတင်းထောက် နော်ဘက်တီဟန် နှင့် မြန်မာတိုင်းမ် ဓာတ်ပုံ သတင်း ထောက် မာနော်တို့ကို အောက်ခြေ BGF တပ်ဖွဲ့ဝင် ၄ ဦးက ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ လမ်း ညွှန်မှုဖြင့် လာမည့်ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များကို မြဝတီမြို့သို့ ဖိတ်ကြား၍ ရှင်းလင်းတင်ပြပွဲပြုလုပ်ရန် စီစဉ်နေသည်ဟု ကရင်ပြည်နယ် BGF ဗဟို အကြံပေးကွပ်ကဲရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က မတ် ၉ နေ့လည်(၁၂)နာရီ အချိန်ခန့်က မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အထက်ခွင့်ပြုချက်မယူဘဲ သတင်းထောက် ၂ ဦးကို ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့တဲ့ BGF အောက် ခြေတပ်ဖွဲ့ ဝင် ၅ ဦးကို ကျနော်တို့ BGFတပ်ဖွဲ့ စစ်စည်းကမ်းထိန်းသိမ်းရေးအရ စုံခုံဖွဲ့စစ်ဆေးပြီး ကျူးလွန်တဲ့အပြစ် အလိုက် အရေးယူမှုတွေကို မနေ့က မတ်လ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းထောက် ၂ ဦးကို ကိုယ်ထိ လက် ရောက် ကျူးလွန်ခဲ့တဲ့ BGF တပ်နယ် ၄ မှ တပ်သား စောဒါးဘိုကိုတော့ ကရင်ပြည်နယ် BGF တပ်နယ် ဌာန ချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ် ကွမ်ဘီကျေးရွာအုပ်စု မဲသိမ်ရွာ မဲသိမ်ကုန်း အချုပ်ထောင်မှ အလုပ်နဲ့ထောင်ဒဏ် (၆)လ ချမှတ်ခဲ့တယ်”ဟု ပြောသည်။

ထို့အပြင် ဖမ်းဆီးမှုတွင် ပါဝင်ပတ်သက်သည့် သဲပုံဂိတ်စီးပွားရေးတာဝန်ခံ စိုးကြည်(တပ်မတော် ဗိုလ်ကြီးငြိမ်း) နှင့် တပ်နယ် (၄)က BGF တပ်ဖွဲ့ဝင် ၃ ဦးကို ၎င်းတို့၏ တပ်ရင်း မြဝတီမြို့ မဲကနယ်ကျေးရွာရှိ BGF (၁၀၂၂) တပ်ရင်းအချုပ်တွင် အလုပ်နှင့် အချုပ် ၂လ ပြစ်ဒဏ်ချမှတ်ထားကြောင်းလည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆက် ပြောသည်။

အဆိုပါ သတင်းထောက် ၂ ဦးကို ထိုသို့ ၂၄ နာရီခန့်ကြာ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့ကြသည့်အတွက် သတင်း ထောက် ၂ ဦး၏ သတင်းရယူမှုအပေါ် နှောင့်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့ခြင်းများအ တွက် သက်ဆိုင်ရာ နယ်ခြားစောင့်တပ်ဖွဲ့ တပ်နယ်တပ်ရင်းဘက်မှ တောင်းပန်ပြီး ကျူးလွန်ခဲ့သူများကို ထိ ရောက်ပြင်းထန်စွာအရေးယူကာ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဆောင်ရွက်ရန် သတင်းမီဒီယာ အဖွဲ့အစည်း(၇) ခု က မတ်လ ၇ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...