လောင်းကစားငါးဂိမ်းရုံ ဝင်ဖမ်းရာမှ ဆက်စပ်၍ လက်နက်များ ဖမ်းဆီးရမိ

လောင်းကစားငါးဂိမ်းရုံ ဝင်ဖမ်းရာမှ ဆက်စပ်၍ လက်နက်များ ဖမ်းဆီးရမိ

နေနော် — ကရင်ပြည်နယ် မြဝတီမြို့တွင် လောင်းကစားငါးဂိမ်းရုံ ဝင်ဖမ်းရာမှ ဆက်စပ်၍ တရားမဝင် လက်နက် ကိုင်ဆောင်သူအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သက်လင်းဦးခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများ သည် မတ် ၇ ရက်နေ့ နံနက် ၄းဝဝ နာရီအချိန်က အမှတ် (၄)ရပ်ကွက် သစ်တစ်ပင်လမ်းနေ စောဥက္ကာမင်းနေ အိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း လောင်းကစားပြုလုပ်နေသည့် စောငြိမ်းချမ်း(၂၃)နှစ်၊ စောစိုင်း ညွန့်(၃၄)နှစ်၊ နှင်းနုဝေ(၂၅)နှစ်၊ အိသန္တာမြင့်(၂၃)နှစ်နှင့် ဒေစီ(၂၆)နှစ်တို့အား ဖမ်းဆီးခဲ့သည်။

ထိုနောက် စောဥက္ကာမင်း၏ နေအိမ်အိပ်ခန်းအတွင်း ဆက်လက်ရှာဖွေရာ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၈ တောင့်၊ ကျည်အိမ် ၂ ခု ကာဘိုင် ၂ လက်၊ ၎င်းကျည် ၃၅ တောင့်၊ ကျည်အိမ် ၂ခု၊ M-22 ၁ လက်၊ ၎င်းကျည် ၂၄တောင့်၊ တစ်လုံးထိုးသေနတ် ၁ လက်တို့အားသိမ်းဆည်းရမိပြီး လောင်းကစားပြုလုပ်နေသည့်ဂိမ်းစက် ၄ လုံး၊ အန်ဂလုံ ၅ ခုံ၊ လောင်းကစားငွေ ၆ဝဝ,ဝဝဝ (ခြောက်သိန်း)ကျပ်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Photo: Nay Naw

စောဥက္ကာမင်းသည် (DKBA)အဖွဲ့မှ ဗိုလ်အဆင့်ရှိသူဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြော ဆိုကြသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးသန့် အတည်ပြုချက် မရှိသေးပေ။

ထို့အတူ မြဝတီမြို့နယ် မဲကနယ်ကျေးရွာအုပ်စု၊ အေးသုခရွာ၊ ကျောက်တောင် အမှတ်(၁)လမ်းတွင် ဖွင့်လှစ်ထား သော ငါးဂိမ်းလောင်းကစားရုံအား ယနေ့နံနက် ၆နာရီအချိန်က မြဝတီခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ငါးဂိမ်းလောင်း ကစား စက်(၅)လုံး၊ ငါးဂိမ်းလောင်းကစားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း သစ်သား ထိုင်ခုံ(၁၀)လုံး၊ အင်ပါ တာ(၁)လုံး၊ မီးစက်(၁)လုံး အစရှိသည့် လောင်းကစား ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...