တပ်မတော် လေကြောင်းတိုက်ခိုက်မှု အရပ်သားတစ်ဦး သေဆုံး နေအိမ်များ မီးလောင်

တပ်မတော် လေကြောင်းတိုက်ခိုက်မှု အရပ်သားတစ်ဦး သေဆုံး နေအိမ်များ မီးလောင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပွီဝုန်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ မတ်လ (၄) ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားရာ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လူနေအိမ် သုံးလုံး မီးလောင်ခဲ့သည်ဟု သိရသည်။

ပွီဝုန်းကျေးရွာသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့အကြား ကုလားတန်မြစ်နံဘေးတွင် တည်ရှိပြီး ရက္ခိုင့်တပ်တော်သည် အဆိုပါကျေးရွာအနီးတဝိုက်တွင် ခြေကုပ်ယူထားသည်ဟု သိရသည်။

မြန်မာ့တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အသက် (၃၀) ခန့်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ပလက်ဝမြို့ ဒေသခံတစ်ဦးက ပြောသည်။

“AA တပ်ဖွဲ့တွေက အဲဒီ ပွီဝုန်းကျေးရွာနားမှာ ခြေကုပ်ယူထားတော့ တပ်မတော်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တဲ့အခါ မဆိုင်တဲ့ ရွာသားတွေ သွားထိတာပေါ့’’ ဟု ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပွီဝုန်းကျေးရွာသားများ ရွာမှာ မနေရဲကြတော့ဘဲ ရေချမ်းဝကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...