အမ်းမြို့နယ်တွင် ရွာအနီး လက်နက်ကြီးကျည် ကျ၊ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရ

အမ်းမြို့နယ်တွင် ရွာအနီး လက်နက်ကြီးကျည် ကျ၊ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရ

 

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့  ကဇူးကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာအနီး မတ်လ ၂ ရက် ညနေက တိုက်ပွဲ တစ်နာရီခန့်အကြာ ဖြစ်ပွားရာ ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့်  ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့သဖြင့် အမ်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ဂျိတ်ချောင်းကျေးရွာနေ မစောစောရီ ဖြစ်ပြီး  ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“တိုက်ပွဲက ညနေ ၅ နာရီလောက်မှာ စ ဖြစ်တယ်။ ရွာအပြင်က လူတွေကို ရွာအလယ်မှာ စုတော့ အဲဒီအချိန်မှာ လက်နက်ကြီးကျည်စ မှန်သွားတယ်လို့ ပြောပါတယ်။ ဝမ်းဗိုက်မှာ ထိသွားပါတယ်။ အခု အမ်းဆေးရုံကို အချိန်မီ ပို့ဆောင်လိုက်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ဒေသခံတစ်ဦးထံ မတ်လ ၂ ရက် ည ၇ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းစဉ် “အခုကတော့ ရွာကနေ ကယ်ထုတ်လာပြီး အမ်းကို ယူသွားပါတယ်။ အဓိက ကျနော်တို့က အသက်ကို လုနေကြတယ်။ လူနာကလည်း လူးလှိမ့်နေတယ်လို့ ပြောပါတယ်။ ကဇူးကိုင်း   အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ဒီနေ့အမ်းဆေးရုံကို တိုက်ရိုက်ပို့တာပါ” ဟု ပြောသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...