ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ အသက် (၈၀)အရွယ် အဖွားအပါအဝင် သုံးဦးဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ အသက် (၈၀)အရွယ် အဖွားအပါအဝင် သုံးဦးဒဏ်ရာရ

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာတွင် မတ်လ ၃ ရက်နေ့၊ နေ့လည် ၁၁ နာရီခန့်က နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၈၀ အရွယ် အဖွားတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိသွားသည်ဟု ကျေးရွာသားများထံမှ သိရသည်။

ဒဏ်ရာရရှိသွားသူများမှာ အသက် ၈၀ အရွယ် ဒေါ်လှမြဦး၊ အသက် ၁၀ နှစ်အရွယ် မောင်လှသိန်းမောင်နှင့် အသက် ၅၀ ကျော်အရွယ် ဦးစောမြင့်တို့ဖြစ်သည်။ ဦးစောမြင့်တွင် ဘယ်ဖက်နို့အုံတွင် ကျည်ထိမှန်သွားပြီး မောင်လှသိန်းမောင်မှာ ညာဖက်ပေါင်တွင် ကျည်စထိမှန်သွားသည်။ ဒေါ်လှမြဦးမှာ ဘယ်ဖက်လက်တွင် ကျည် ထိမှန်သွားသည်။

“အိမ်နှစ်အိမ်ကြားမှာကျတာပါ။ ပေါက်ကွဲတာနဲ့ကျည်စတွေဖြာထွက်ပြီး ထိသွားကြတာပါ။ အဖွားအိုက အသက်ကြီးနေပြီဖြစ်တဲ့အတွက် အနာဒဏ်ကို မခံနိုင်လို့စိုးရိမ်ရပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဦးစောမြင့်မှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်သော်လည်း လမ်းမှာလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဟန့်တားမည်ကို စိုးရိမ်သဖြင့် မသွားရဲဘဲ ရွာ၌ ဆေးကုသမှုခံယူနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ နံနက်ပိုင်းက ပြိုင်းတိုင်းကျေးရွာနှင့် သုံးမိုင်ခန့်အကွာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးသူ (၁၃၀)ကျော်ထိရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိနေသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)မှ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...