ကချင်ပေါင်းစည်းပါတီ ပထမအကြိမ် ညီလာခံ လာမည့်အပတ်တွင် ပြုလုပ်မည်

ကချင်ပေါင်းစည်းပါတီ ပထမအကြိမ် ညီလာခံ လာမည့်အပတ်တွင် ပြုလုပ်မည်

ကချင် ပေါင်းစည်းပါတီကြီးတစ်ခုဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party) (KSPP) ၏ ပထမအကြိမ် ပါတီညီလာခံကို မြစ်ကြီးနားမြို့ မနောကွင်းတွင် လာမည့်အပတ် မတ်လ ၃ရက်မှ ၄ရက်နေ့အထိ ၂ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ (၁၈) မြို့နယ်မှ KSPP ပါတီ ကိုယ်စားလှယ်များနှင့်အတူ လက်ရှိ ယာယီ ဦးဆောင်ကော်မတီများကို တရားဝင် ဦးဆောင်ကော်မတီများအဖြစ် ရွေးချယ်တင်မြှောက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း KSPP ပါတီ လက်ရှိ ဒုဥက္ကဋ္ဌ ဦးGumgrawng Awng Hkam က ပြောသည်။

“အဓိကကတော့ ပါတီညီလာခံ ဆိုတဲ့အတိုင်း (၁၈) မြို့နယ်က ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်။ ပြီးရင် သူတို့တွေကို ယာယီ ရွေးချယ်ထားတဲ့ ဦးဆောင်ကော်မတီဝင်အဖြစ် အတည်ပြုမယ်။ နောက် ပါတီရဲ့ပေါ်လစီတွေကို ရှင်းလင်းတင်ပြမှုတွေ ပြုလုပ်သွားမယ်။ သီးခြား ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ ရှိတယ်” ဟု သူက ပြောသည်။

ဆွေးနွေးပွဲတွင် ပါတီ ဦးဆောင်ကော်မတီများ၏ အာဘော်တစ်ခုတည်းနှင့် ဆုံးဖြတ်ချက်များကို အတည်ပြုချက်များ ရယူသွားမည်မဟုတ်ဘဲ ပေါင်းစည်းရေးအဖြစ် ပါဝင်လာသည့် အဖွဲ့များ အားလုံးနှင့်အတူ တစ်ညီတစ်ညွတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

လက်ရှိ KSPP ပါတီတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (Kachin State Democracy Party)၊ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party for Kachin State)၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ(UNFDP) စသော ပါတီ လေးရပ် တရားဝင် ပေါင်းစည်းထားခြင်း ဖြစ်သည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...