ထိုင်းရှိ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် မြဝတီစာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ လာရောက်ဖြေဆိုမည်

ထိုင်းရှိ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် မြဝတီစာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ လာရောက်ဖြေဆိုမည်

နေနော် — ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား ကျောင်းသူ (၁၀၆)ဦးသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုမည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းများဖြစ်သော ဆာသူးလေကျောင်း မှ ကျောင်းသား/သူ ၄၈ ဦး၊ SAW ကျောင်းမှ ကျောင်းသား/သူ ၁၄ ဦး နှင့်သွေးသစ်ကျောင်း မှ ကျောင်းသား/သူ ၄၄ ဦး စုစုပေါင်း ၁၀၆ ဦးတို့သည် မြဝတီမြို့နယ်စာစစ်ဌာနများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို လာရောက်ဖြေဆိုရန် စာရင်းပေးထားကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။

၎င်းက “မြန်မာရွှေ့ပြောင်းကျောင်းများက ကျောင်းသား/သူ ၁၀၆ ဦးမှာ လာမည့် မတ်လ (၁၀) ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ မဟာစည်ဘုန်းကြီးကျောင်း၊ အ.လ.က (၄) ကျောင်းနဲ့ ကျောက် လုံးကြီး ဘုန်းကြီးကျောင်းတို့မှာ တည်းခိုပြီး မြဝတီမြို့နယ် စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြမယ်”ဟု ပြောသည်။

ထိုသို့ မြဝတီမြို့နယ်စာစစ်ဌာနတွင် လာရောက်ဖြေဆိုကြမည့် တဖက်ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း ကျောင်းမှ ကျောင်းသား/သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ (၂၃)သိန်း (၇) သောင်းကျပ် ထောက်ပံ့ထားသလို မြဝတီမြို့နယ်မှ လုပ်ငန်းရှင်များ၊ မြဝတီမြို့နယ် NLD ပညာရေးကွန်ယက်၊ ပရဟိတအဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသအုပ်ချုပ်ရေးပိုင်းမှ လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာပေးပွဲကို ထိုင်းနိုင်ငံ မြန်မာရွှေ့ ပြောင်းကျောင်းများမှ ကျောင်းသား/သူ ၁၃၀ ဦး လာရောက်ဖြေဆိုရာ ၂၇ ဦးမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်ခဲ့သည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ များထဲမှ ဆက်လက်၍ တက္ကသိုလ်တက်ရောက်လို သူများအား ဒေါက်တာအရှင်ဆေကိန္ဒ ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်စရိတ်များ ထောက်ပံ့ပေးကြောင်း သိရှိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို လာမည့်မတ်လ ၁၁ ရက်နေ့မှမတ်လ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

( ထိုင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ )

ပုံ-နေနော်

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...