ငြိမ်းချမ်းရေးရဖို့အတွက် အားလုံးတာဝန်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြော

ငြိမ်းချမ်းရေးရဖို့အတွက် အားလုံးတာဝန်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြော

နန်းဝေဖြိုးဇာ — ကရင်ပြည်နယ်တွင် အထူးလိုအပ်နေသည့် ငြိမ်းချမ်းရေးရရှိရန် အားလုံးတွင် တာဝန်ရှိကြောင်း ဖေဖော်ဝါရီလ ၂၅ရက်နေ့က ကရင်ပြည်နယ် လှိှုင်းဘွဲမြို့ လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ပြုလုပ်ပြီး လူဦးရေ ၂ ထောင်နီးပါးတက်ရောက်လာသည့် အဆိုပါ လူထု တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုထည့် သွင်းပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် အထူးလိုအပ်တယ်ဆိုတာ ကရင်ပြည်သူတွေအသိဆုံးပါ။ ငြိမ်းချမ်း ရေးမရှိလို့ရှိရင် တကယ်ခံရတာပြည်သူလူထုပါ ။ အပြစ်မဲ့ပြည်သူတွေအခံရဆုံးဆိုတာ ကျမတို့ အသိဆုံးပါ။ အဲဒါကြောင့် ကျမတို့ ငြိမ်းချမ်းရေးလိုအပ်တယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ရမယ်။”ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးရရှိရေးအတွက် လူတိုင်းလူတိုင်းတွင် တာဝန်ကိုယ်စီရှိသလို ငြိမ်းချမ်းရေးမရရှိပါက ဖွံ့ဖြိုး ရေးလည်း မရရှိနိုင်တဲ့အတွက် လူထုအနေဖြင့်တစ်ဦးချင်းစီ ဝိုင်းဝန်းကူညီကြမှသာလျှင် မကြာမီအချိန် အတွင်း ငြိမ်းချမ်းသည့်နိုင်ငံကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောဆို သွားသည်။

အဆိုပါ လှိုင်းဘွဲလူထုနှင့်နိုင်ငံတော်၏အတိုင်ပင်ခံတို့တွေ့ဆုံပွဲတွင် လူထုတိုင်ကြားစာများလက်ခံသည့် ဌာန များဖွင့်လှစ်ထားသည့်အပြင် တိုက်ရိုက်မေးလိုသည့်မေးခွန်းများကိုလည်း အတိုင်ပင်ခံကိုယ်တိုင်မဲနှိုက်ပြီး မေးမြန်းခွင့်ပြုသည့် အစီအစဉ်များလည်းပါဝင်သည်။

ထိုနေ့တွင်နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ထံပေးပို့သည့် လူထုတိုင်ကြားစာ ၄၈ စောင်ရှိသည်ဟုသိရပြီး တိုက်ရိုက်မေးလိုသည့် မေးခွန်း ၂၃ခုရှိသည့်အနက် မဲနှိုက်စနစ်ဖြင့် လူထုမှမေးမြန်းသည့် မေးခွန်း ၅ ခုကို နိုင်ငံတော်အတိုင်ပင်ခံနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် လူထုတွေ့ဆုံပွဲခရီးစဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ရက်နေ့အထိဖြစ်ပြီး ယင်းခရီးစဉ်များအတွင်း ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ မြဝတီနှင့် လှိှုင်း ဘွဲမြို့ စသည့်မြို့နယ် ၄မြို့နယ်ရှိ လူထုများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...