ကရင်လက်နက်ကိုင် သုံးဖွဲ့ သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ပထမအကြိမ် တွေ့ဆုံဆွေးနွေး

ကရင်လက်နက်ကိုင် သုံးဖွဲ့ သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ပထမအကြိမ် တွေ့ဆုံဆွေးနွေး

သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန် KNU-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ကရင်လက်နက်ကိုင် ၃ ဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပိုင်ကျုံမြို့နယ် ကွီးကျယ်ကျေးရွာအနီးတွင် ပြုလုပ်ခဲ့သည်။

KNU -ကရင်အမျိုးသားအစည်းအရုံး (ဗဟို)သစ်တောဌာနနှင့် ဖားအံခရိုင်တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ် -BGF တာ ဝန်ရှိတပ်မှူးများ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA(PC)တာဝန်ရှိသူများပါဝင်သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှုပြုလုပ် ရခြင်းနှင့်ပတ်သက်၍ KNU (ဗဟို)သစ်တောဌာန၊ ဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက ယခုလိုပြောသည်။

၎င်းက “အရင်ကဒီလိုမျိုးတော့မရှိဘူး ။ အခုကလိုအပ်လာတဲ့အတွက် ပြီးတော့ ဒါလုပ်ဖို့ စိတ်အား ထက်သန်တဲ့အတွက် အချိန်ပေးပြီးလုပ်ရတာဖြစ်တယ်။ ရည်ရွယ်ချက်က သစ်တောထိန်းသိမ်းတာနဲ့ပတ်သက်ပြီး အမြင်သဘော ဖလှယ် ကြမယ်။ ၂ အချက်က သစ်တောထိန်းသိမ်းကာကွယ်တာတွေနဲ့ပတ်သက်ပြီး ဘယ်လို အမြင်ရှိကြလဲသိရဖို့နဲ့ စုပေါင်း လုပ်ဆောင်နိုင်ဖို့ အားကောင်းလာအောင် အဲဒီရည်ရွယ်ချက်တွေနဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်။”ဟုပြောသည်။

တစ်ရက်တာပြုလုပ်သည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံဆွေးနွေးမှုတွင် KNU (ဗဟို)သစ်တောဌာနမှ အကောင်အထည် ဖော်လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ မူဝါဒများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များအပြင် ဒေသတွင်း သစ်၊ ဝါး ခုတ်ယူမှုများအပေါ်  စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်ရေး၊ တောမီးလောင်ကျွမ်းမှု မဖြစ်ပွားရေးနှင့် မြစ်၊ ချောင်းများ ရေရှည် တည်တံ့အောင်ထိန်းသိမ်းကာကွယ်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်ကပူးပေါင်းလုပ်ဆောင်မှု မရှိခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး ဆက်လက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည့်အပြင် သစ်တောနှင့်ပတ် သက်သည့် အသိပညာပေးလုပ်ငန်းများကို အတူတကွ ကွင်းဆင်းလုပ်ဆောင်မှုများပြုလုပ်ရေး ၊ ဒေသတွင်း ဘာသာ ရေးခေါင်းဆောင်များပါ ပူးပေါင်းပါဝင်လာနိုင်ရေး လုပ်ဆောင်သွား ရန်ရှိကြောင်းလည်း သိရသည်။

KNU/KNLA (PC)မှ ဗိုလ်မှူးကြီးစောရွှေဂျော်က “ ဒီလိုလာချပြတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ထောက်ခံတယ်။ ဘာလို့ လဲဆိုရင် အခုလိုထိန်းသိမ်းကာကွယ်တာမျိုးတွေမလုပ်ရင် သစ်တောနဲ့တောရိုင်းတိရစ္ဆာန်တွေ ပပျောက်သွားဖို့ရှိတယ်။ အားလုံးက ပိတ်ချင်တယ်။ ပိတ်ဖို့လည်းရှိတယ်။ ပူးပေါင်းမလုပ်ဆောင်ရင်ပိတ်လို့ မရတဲ့အတွက် ညီညီညွတ်ညွတ် လုပ်ဆောင်သွားမှရမယ်”ဟုပြောသည်။

လက်ရှိတွင် KNU-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် ပေါ်လစီများရေးဆွဲချမှတ်ကာ ခရိုင် ၇ ခုတွင် ဧက ၃ သိန်းနီးပါး ရှိသည့် အများပိုင်သစ်တော ၁၇၀ ကျော်ဖြင့် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်နေသော်လည်း တစ်ဖက် တွင် KNU အပါအဝင် အခြားကရင်လက်နက်ကိုင်အဖွဲ့များအနေဖြင့် အချို့သောနေရာများတွင် သစ်ထုတ်လုပ်မှုများရှိ နေဆဲဖြစ်သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...