နိုင်ငံတော်အတိုင်ပင်ခံ၏ ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲ ပြည်သူတစ်သောင်းကျော် တက်ရောက်ခဲ့

နိုင်ငံတော်အတိုင်ပင်ခံ၏ ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲ ပြည်သူတစ်သောင်းကျော် တက်ရောက်ခဲ့

နေနော် — နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ချောင်းတောင်ရပ်ကွက်ရှိ ကရင်အမျိုးသားနှစ်သစ်ကူးကွင်းတွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့ရာ ကော့ကရိတ်မြို့နှင့် အနီးကျေးရွာများမှ ပြည်သူလူထု တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၇၀ကျော်မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြစာဌာနတွင် စာ (၆၅)စောင် ခန့် ပေးပို့ထားသလို တိုက်ရိုက်မေးခွန်းမေးမြန်းလိုသူ ၂၉ဦး စာရင်းပေးထားသော်လည်း အချိန်ကန့်သတ်ချက်အရ အတိုင်ပင်ခံ၏ မဲနိုက်ရွေးချယ်မှုအရ ပြည်သူ (၇)ဦးသာ တိုက်ရိုက်မေးမြန်းခွင့်ရရှိခဲ့သည်။

ယင်းသို့ တိုက်ရိုက်မေးမြန်းခွင့်ရရှိသူ ပြည်သူများ၏ မေးမြန်းမှုများထဲတွင် မြေယာကိစ္စများ အများဆုံးပါဝင်ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားခြင်း၊ သက်ဆိုင်ရာသို့ ကြိုတင်ပေးပို့ ထားသော တင်ပြစာများကို ဖတ်ကြားမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း၊ မဲစနစ်ဖြင့် ပြည်သူများက တိုက်ရိုက် တင်ပြမေးမြန်းခြင်းအပေါ် သက်ဆိုင်ရာ၏ ပြန်လည်ဖြေကြားခြင်းများအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို နေ့လည် ၁၁း၅၀နာရီတွင် ရုပ်သိမ်းခဲ့ကြ သည်။

ယင်းတွေ့ဆုံပွဲသို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ အောင်ကို၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါခဲ့ကြသည်။

ထို့အပြင် ၎င်းလူထုတွေ့ဆုံပွဲသို့ ကော့ကရိတ်ခရိုင်နှင့် ကော့ကရိတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများ၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၇၃ရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...