ရခိုင်တွင် မိုင်းပေါက်ကွဲ၍ သေဆုံးသူ ၂၅ ဦးရှိကာ ဒဏ်ရာရသူ ၇၁ ဦးရှိကြောင်း REC ပြော

ရခိုင်တွင် မိုင်းပေါက်ကွဲ၍ သေဆုံးသူ ၂၅ ဦးရှိကာ ဒဏ်ရာရသူ ၇၁ ဦးရှိကြောင်း REC ပြော

ထွန်းခိုင် (တောင်ရင်းကျွန်း) — ၂၀၁၈ နိုဝင်ဘာလမှစ၍ ယနေ့ (ဖေဖော်ဝါရီ ၁၈) အချိန်ထိ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲ၍ သေဆုံးသူ ၂၅ ဦး၊ ဒဏ်ရာရသူ ၇၁ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး (REC)၏ အတွင်းရေမှူး ကိုဇော်ဇော်ထွန်းမှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

 လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများရှိသလို အန္တရာယ်ရှိမှန်းမသိ၍ မပေါက်ကွဲသေးသည့်  မိုင်းများကို ထိတွေ့ ကိုင်တွယ်ရာမှ ပေါက်ကွဲ သေဆုံးသူများလည်း ရှိကြောင်း၊ စုစုပေါင်း  ၂၅ဦးခန့် သေဆုံးပြီး  ဒဏ်ရာ ရရှိသူ ၇၁ ဦးခန့်ရှိကြောင်း အတွင်းရေမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

"ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာပြီးနောက်ပိုင်း ဒေသခံတွေကလည်း ထွက်ပြေးနေရတဲ့ အချိန်မှာ သတင်းအချက်အလက်တွေ စုဆောင်းရတာ တော်တော်ကို ခက်ပါတယ်။ အဲဒီအတွက် ကျနော်အနေနဲ့ တိတိကျကျ ပြောရဖို့ ခက်နေတယ်။ အကြမ်းအားဖြင့်တော့ ၂၅ ယောက်လောက်သေဆုံးပြီ၊ ဒဏ်ရာရတာ ၇၁ ယောက်လောက်ရှိတယ် ˝ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး (REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြေသည်။

မိုင်းပေါက်ကွဲမှုအဖြစ်များသော မြို့နယ်များမှာ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါမိုင်းအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး (REC)က တိုက်ပွဲဖြစ်ပွားသော မြို့နယ်များသို့သွား မိုင်းအန္တရာယ် လျှော့ချရေး အသိပညာ ပေးသင်တန်းများ ပြုလုပ်သွားမည်ဟုလည်း သိရှိရသည်။

ယနေ့( ဖေဖော်ဝါရီ ၁၈) တွင်လည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင်မူဆလင် ကျေးရွာတွင် မိုင်းနင်းမိပြီး ပေါက်ကွဲရာမှ လူတစ်ဦးသေဆုံးသွားခဲ့သည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...