မြစ်ကြီးနား-မန္တလေး ခရီးစဉ် တောင်ကိုရီးယားထုတ် လေအိတ်ရထားများ ပြေးဆွဲမည်

မြစ်ကြီးနား-မန္တလေး ခရီးစဉ် တောင်ကိုရီးယားထုတ် လေအိတ်ရထားများ ပြေးဆွဲမည်

တောင်ကိုးရီးယားနိုင်ငံထုတ် လေအေးပေးစက်ပါ လေအိတ်ရထားကို မြစ်ကြီးနား – မန္တလေး ရထားလမ်းပိုင်း၌ မတ်လဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ရုံးထံမှ သိရသည်။

“ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်အရ မတ်လဆန်းပိုင်းမှာတော့ သေချာပေါက် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်”ဟု မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော်က ပြောသည်။

 ကိုးရီးယား EDCF နိုင်ငံခြားချေးငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး အထက်တန်းတွဲ ၁၀ တွဲ၊ စားသောက်တွဲ ၁ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်ကာ အထက်တန်း ၁ တွဲလျှင် ၃၃ဦး စီးနင်းနိုင်ကြောင်း သိရသည်။

လက်မှတ်ခနှုန်းထားများ၊ ရထားပြေးဆွဲမည့် အချိန်စာရင်းများ၊ ရပ်နားမည့်ဘူတာများကို မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်က သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရုံပိုင်ချုပ် ဦးခင်သော်က ပြောသည်။

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် လက်ရှိ ရထားများထက် ပိုမိုအဆင့်မြင့် သက်သောင့်သက်သာဖြစ်မည့် ကိုးရီးယားလေအိတ်ရထားကို ခရီးသွားမိဘပြည်သူများအနေဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာစီးနင်းရန် လိုအပ်ကြောင်း ဦးခင်သော်က တိုက်တွန်းစကားဆိုသည်။

“ကျွန်တော်တို့ ဒေသမှာဆိုရင် အနံ့ထွက်တဲ့ ကုန်ပစ္စည်းဖြစ်တဲ့ ဓညင်းသီးလိုဟာမျိုးတွေကို သယ်လို့မရတော့ဘူး”ဟု ၎င်းက ပြောသည်။

လတ်တလောတွင် မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းကို မြစ်ကြီးနားဘူတာမှ မနက် ၈နာရီ ၁၅မိနစ်တွင် ထွက်ခွာသည့် အမှတ်(၅၆)အစုန် အထူးအမြန်ရထား၊ ၈ နာရီ ၄၅မိနစ်တွင် အမှတ်(၄၂)တွင် ဒုတိယအမြန်ရထား၊ နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် လေအိတ်ရထားနှင့် ညနေ ၄ နာရီတွင် အမှတ်(၅၈)မန္တလာရထားတို့ဖြင့် ပြေးဆွဲလျက် ရှိသည်။

မျိုးမြတ်မြတ်ပန်

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...