စံဖရီးမြေ တဲအိမ်များ ဖယ်ရှားရှင်းလင်းမှုတွင် လူ ၁၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံရ

စံဖရီးမြေ တဲအိမ်များ ဖယ်ရှားရှင်းလင်းမှုတွင် လူ ၁၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံရ

ကရင်ပြည်နယ် ဖားအံမြို့နယ် စံဖရီးကျေးရွာအုပ်စု စံပနုံကျေးရွာအနီး မြေယာများပေါ်တွင် ဆောက်လုပ်ထား သည့် တဲအိမ်များကို ပြည်နယ်အစိုးရတာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ၌ ဒေသခံလူ ၁၅ ဦးဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သိရသည်။

ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိသည့် တောင်ကလေးမြို့ပြအိမ်ရာ စီမံကိန်း နယ်မြေ အတွင်း တဲအိမ်များ ထပ်မံကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ အစိုးရတာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖယ်ရှားရှင်းလင်းမှုများလုပ်ဆောင်နေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ကျူးကျော် ဆောက် လုပ်ထားသည့် တဲအိမ်ပိုင်ရှင်များနှင့် အဆိုပါအရေးကိုလိုက်လံဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုမှ ဦးဆောင်သူတစ်ဦးအပါအဝင် စုစုပေါင်း အမျိုးသား ၁၄ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လတ်တလောဖားအံမြို့မရဲစခန်း ထိန်းသိမ်းထားပြီး မည်သို့အရေး ယူ ဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ကို မသိရှိရသေးကြောင်းလည်း အမည်မဖော်လိုသည့် ၎င်းတာဝန်ရှိ သူက ဆက်လက်ပြောဆိုသည်။

ပြည်နယ်အစိုးရ၏ အဆိုပါစီမံကိန်းနယ်မြေအတွင်း ထပ်မံကျူးကျော်ဆောက်လုပ်ထားသည့် တဲအိမ်ပေါင်း ၃၉၇ လုံးရှိသည်ဟုသိရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်အထိ ၂ ရက်အတွင်းတဲအိမ်ပေါင်း ၈၅ လုံး ဖယ်ရှားရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...