တောင်ကလေး (ဖလုံပညာ့တု်ဝါန့်)၏ ပထမဦးဆုံးအကြိမ် ရိုးရာစုပေါင်းမီးပုံပွဲ လူထောင်ပေါင်းများစွာ ဆင်နွှဲ

တောင်ကလေး (ဖလုံပညာ့တု်ဝါန့်)၏ ပထမဦးဆုံးအကြိမ် ရိုးရာစုပေါင်းမီးပုံပွဲ လူထောင်ပေါင်းများစွာ ဆင်နွှဲ

စောရှား — ကရင်ရိုးရာဓလေ့တစ်ခုဖြစ်သည့် စုပေါင်းမီးပုံပွဲ(မီးပူဇော်ပွဲ)ကို တောင်ကလေး (ဖလုံပညာ့တ်ုဝါန့်) ကရင်နှစ်သစ်ကူးကွင်း၌ ဖေဖော်ဝါရီလ ၈ ရက်၊ တပို့တွဲလပြည့်တွင် ပထမဦးဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကရင်လူမျိုးတို့၏ ရိုးရာစုပေါင်းမီးပုံပွဲ (ဘုံးအုဂ်ဒါန်.) အလှူတော်အား ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်၊ စုပေါင်းလုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ကရင့်ရိုးရာယဉ်ကျေးမှုဓလေ့များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် ကရင်ရိုးရာဘဝဓလေ့နှင့်အညီ ထိန်းသိမ်းနေထိုင်တတ်စေရန်စသည့် ရည်ရွယ် ချက်များနှင့် ယခုမီးပုံပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သည့် အရှင် ဥတ္တမ(မာန်နာဲဟိ)က ပြောသည်။

အရှင်ဥတ္တမက “အဓိက ရိုးရာဓလေ့ ယဉ်ကျေးမှုတွေကို မပပျောက်ဖို့အတွက် တောင်ကလေးဆရာတော် အရှင်ပညာသာမိက သြဝါဒမိန့်ကြားချက်နဲ့ ပထမဦးဆုံးအကြိမ် တောင်ကလေး (ဖလုံပညာ့တွာန့်)မှာ ကျင်းပ ကြတာဖြစ်ပါတယ်” ဟု မီးပူဇော်အပြီး သတင်းမီဒီယာများသို့ မြွက်ကြားသည်။

ကရင်ရိုးရာစုပေါင်းမီးပုံပွဲတော်အတွင်း မုခ်ဦးနှင့် ပွဲတော်ကွင်းထိန်း ကျွဲရုပ်ထုကြီးဖွင့်ပွဲများ၊ ထမနဲထိုးပွဲ၊ ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ရှေးခေတ်ရိုးရာ လက်ဝှေ့ မြေဝိုင်းပွဲများအပြင် ကရင်ရိုးရာ အောပွဲ (ဆ်ုအါင်လင်ထာခေါဟ်ပွယ်) ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြပြီး လူဦးရေ ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြ သည်။

မီးပုံပွဲကို ကရင်အယူအဆဖြင့် (ဍွဲအုဂ်ဒါန်. တစ်နည်းအားဖြင့် ဒွဲ့အောက်ဒယောင်း) ဟုခေါ်ဆိုကြသလို မကောင်းသောအရာများကို လွတ်မြောက်စေချင်သည့်အတွက် မီးနှင့်အတူရှို့လိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ယူဆမှုများဖြင့် ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကရင်ရိုးရာ မီးပုံပွဲကို ကရင်ပြည်နယ်အတွင်း နှစ်စဉ် တပို့တွဲလပြည့်နေ့တွင်ကျင်းပကြသလို အချို့နေရာတွင် ပြာသိုလပြည့်နေ့တွင် ကျင်းပလျက်ရှိသည်။ အစဉ်အလာမပျက်ကျင်းပသည့် အဆိုပါမီးပုံပွဲတော်ကို ကျုံဒိုးမြို့ အပြင် ဖားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် အချို့ဒေသတွင် ကျင်းပပြုလုပ်မှုများရှိ သည်ဟုလည်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...