စံဖရီးမြေကျူးကျော်မှု မဖယ်ရှားက အရေးယူမည်ဟု ဖားအံခရိုင် ထွ/အုပ် သတိပေး

စံဖရီးမြေကျူးကျော်မှု မဖယ်ရှားက အရေးယူမည်ဟု ဖားအံခရိုင် ထွ/အုပ် သတိပေး

ကရင်ပြည်နယ် ဖားအံမြို့နယ် စံဖရီးကျေးရွာအုပ်စု စံဖနုံကျေးရွာအနီး မြို့ပြအိမ်ရာစီမံကိန်းအကောင်အထည် ဖော်ရန်ရှိ သည့် မြေနေရာများပေါ်တွင် ကျူးကျော်သူများ၊ တရားမဝင် ဝင်ရောက်နေထိုင်သူများအနေဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား မဖယ်ရှားပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖားအံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနက သတိပေးချက်ထုတ်ပြန်ထားသည်ဟု သိရသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ဖားအံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းမော်က“ အစိုးရရဲ့စီမံခန့် ခွဲမှုအတိုင်း လိုက်နာဆောင်ရွက်ပါမယ်လို့ လက်မှတ်ထိုးထားတဲ့သူတွေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ မကျူးကျော်ဖို့ တားမြစ်ထားတဲ့မြေပေါ်မှာ ထပ်မံ ကျူးကျော်မှုတွေ ရှိလာတဲ့အတွက် ဒါကို ပြည်နယ်အစိုးရရဲ့လမ်းညွှန်မှုနဲ့အညီပဲ အရေးယူဆောင်ရွက် သွားဖို့ ရှိပါတယ်”ဟု ပြောသည်။

သတိပေးဆိုင်းဘုတ်များကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် လိုက်လံစိုက်ထူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ မှစတင်ကာ အဆိုပါမြေနေရာများပေါ်တွင် တဲအိမ်သစ်များ ထပ်မံတိုးချဲ့ဆောက်လုပ်မှုများရှိလာသည့်အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က အာဏာပိုင်များမှ နေအိမ်များကို စာရင်းလိုက်လံ ကောက်ယူမှုများပြုလုပ်ခဲ့သည်။

မြေကွက်ဝယ်ယူထားသူတစ်ဦးက“ ကျမတို့က ဝယ်ထားတာကြာပြီ။ နေစရာမရှိလို့ ဒီမြေကွက်ကို ၁၈ သိန်းနဲ့ ဝယ်ထား တာပါ။ ဒီမြေတစ်ကွက်ပဲရှိတော့ ကျမတို့အနေနဲ့စိုးရိမ်မှုတော့ရှိတာပေါ့။ သူများတွေလည်းတဲထိုး ဆောက်နေတာရှိတော့ ကိုယ်လည်း ဆောက်လိုက်တာပါ။ အစိုးရကသိမ်းမယ်ဆိုလည်း ကိုယ်ကဘာမှ မ တတ်နိုင်ဘူး”ဟုပြောသည်။

အဆိုပါမြေနေရာများကို အထောက်အထားအမျိုးမျိုးနှင့် အဆင့်ဆင့်လွှဲပြောင်း ရောင်းချမှုများကြောင့် မြေလက်ဝယ်ရ ယူထားသူများရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လက ပြည်နယ် အစိုးရမှ ၎င်းတို့ကို ကျူးကျော်များဆိုကာ အချို့နေအိမ်များ၊ ခြံစည်းရိုးများကို ရှင်းလင်းဖယ်ရှား မှုများပြုလုပ်ခဲ့သည်။

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် မြေလက်ဝယ်ရယူထားသူများအတွက် နစ်နာမှုအပေါ်မူတည်ပြီး အစိုးရစီ မံခန့်ခွဲမှုနှင့်အညီ ပေ ၄၀/၆၀ နှင့် ၆၀/၈၀ အကွက်များဖြင့် အစားထိုးမြေနေရာများပြန်လည်ပေးအပ်ရန် ပြည်နယ်အစိုးရ ဘက်မှ စီစဉ်ထားသလို ထိုသို့စီစဉ်ပြီး နောက်ပိုင်း တဲအိမ်သစ်များထပ်မံတိုးပွားလာခြင်းဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများရှိသည်။

တပ်စွန့်လွှတ်မြေ ဖြစ်သည့် မြေနေရာ မြေဧက ၉၂၈. ၉၃ (၉၂၈ ဒသမ ၉၃) ဧကကို ပြည်ထဲရေးဝန်ကြီး ဌာနအမိန့် ကြေညာစာအမှတ် ၄၇၁/ ၂၀၁၈၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ပြီး ၁၂.၆.၂၀၁၈ ခုနှစ်တွင် တပ်မ ၂၂ ခြေမြန်တပ်မဌာနချုပ်က ကရင်ပြည်နယ်အစိုး ရထံလွှဲပြောင်းပေးခဲ့ခြင်းလည်းဖြစ်သည်။

ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုအောက်ရောက်ရှိသွားသည့် ယင်းမြေနေရာများကို အမှန်တကယ်နစ်နာသူများ၊ နေစရာအခက် အခဲရှိသည့်ပင်စင်စားအစိုးရဝန် ထမ်းများအတွက် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီ မံကိန်းတစ်ခုဖော်ဆောင် သွားရန် ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မြောက်ပြည် နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် အတည်ပြုခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...