လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း ဒီမိုကရေစီစနစ်အရ သွားနေသည်ဟု KNU ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြော

လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း ဒီမိုကရေစီစနစ်အရ သွားနေသည်ဟု KNU ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြော

စောမြတ်ဦးသာ  -  KNU (ကရင်အမျိုးသားအစည်းအရုံး)အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ဒီမိုကရေစီပုံစံအရ ညီလာခံ ခေါ်ယူကျင်းပပြီး လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်သည်ဟု ဒူးပလာယာခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ပဒိုစောသမိန်ထွန်းက ကေအိုင်စီသို့ ပြောသည်။

“လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဥက္ကဋ္ဌ အတွင်းရေးမှူး၊ ဗိုလ်ချုပ်တွေကို ကျနော်တို့သဘောနဲ့ တင်မြှောက်နေကြတာဆိုပြီး အမြင် အ မျိုးမျိုးတွေ ရှိကြတယ်။ ဒီမိုကရေစီပုံစံနဲ့သွားနေတာပါ။ နောင်လာနောက်သားတွေ သိရှိအောင် ဒီမိုကရေစီကို ဘယ်လောက် လိုလားတယ်၊ စုပေါင်းခေါင်းဆောင်မှုကို ဘယ်လောက်လိုလားတယ်ဆိုတာ ဒီရွေးကောက်ပွဲအစဉ်အလာကို ဆက်ပြီးမှ ကျင်းပ တာပါ” ဟု ပဒိုစောသမိန်ထွန်းက ဒူးပလာယာခရိုင်၏ ၁၆ ကြိမ်မြောက်ညီလာခံတွင်  ပြောသည်။

ဒူးပလာယာခရိုင် ခန်းမဆောင်၌  ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ တစ်ပတ်ကြာ ကျင်းပသွားမည့် ညီလာခံသို့ နို့တကော၊ ကျုံဒိုး၊ ကော့ကရိတ်၊ ဝင်းရေးမြို့နယ်တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း ၂ဝဝ နီးပါးတက်ရောက်လျက်ရှိသည်။ ညီလာခံတွင် စည်းရုံးရေး၊ သစ်တော၊ လယ်ယာ၊ တရားရေးနှင့် ပညာရေးဌာနအသီးသီးမှ အစီရင်ခံစာများကို အစီရင်ခံဆွေး နွေးကြပြီး ညီလာခံ၏ နောက်ဆုံးရက်တွင် ခရိုင် ခေါင်းဆောင်များကို ရွေးကောက် တင်မြှောက်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများထံမှ သိရသည်။

ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်လာသူ ဘုရားသုံးဆူမြို့မှ စောသိန်းမြိုင်က“မြို့နယ်စာပေယဉ်ကျေးမှုတာဝန်ရော၊ ခရိုင်မှာနေ ထိုင်တဲ့ လူတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲကို လေ့လာခွင့်ရတယ်။ လုပ်နည်းလုပ်ပုံနိုင်ငံရေးအခင်းအကျင်းတွေ တွေ့မြင်သိချင်လို့လာ တက်တာပါ။ လက်ရှိခေါင်းဆောင်အဟောင်းတွေ ဆက်ပါဖို့လိုမယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ကာလအ တွင်း သူတို့ပါဝင် သိခွင့်ရတယ်ဆိုတော့ လက်လွတ်လို့ မရသေးဘူး။ လူသစ်တွေလည်း ပါလာစေချင်တယ်။ ဖေးမတွဲ သွားဖို့ လိုမယ်။ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ ပြည်ပနိုင်ငံရေးအခြေအနေ၊ အမျိုးသားထဲက ပကတိအခြေအနေတွေကို နားလည်လက်ခံသိရှိထားတဲ့သူမျိုးဖြစ်စေ ချင်တယ်”ဟု ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ညီလာခံကို ၄ နှစ်တစ်ကြိမ်၊ ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ခရိုင်အဆင့် ရွေးကောက်ပွဲများ ပြီးလျှင် ဗဟိုအဆင့် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပရမည်ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...