လမ်းစဉ်အတိုင်း မလုပ်ဆောင်၍ တော်လှန်ရေးကာလ ရှည်ကြာနေရဟု KNLA ဒု စစ်ဦးစီးချုပ် ပြော

လမ်းစဉ်အတိုင်း မလုပ်ဆောင်၍ တော်လှန်ရေးကာလ ရှည်ကြာနေရဟု KNLA ဒု စစ်ဦးစီးချုပ် ပြော

စအိုင်ဆူး —  ကရင့်တော်လှန်ရေးသည် ချမှတ်ထားသည့် လမ်းစဉ်အတိုင်း မလုပ်ဆောင်နိုင်၍ တော်လှန်ရေး ကာလ ရှည်ကြာ နေရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒု စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့၌ ပြောဆိုခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေ ဌာနချုပ်တွင် ပြုလုပ်သည့် (၇၁) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက“တော်လှန်ရေးနှစ် ၇၀ ကျော်သွားပေမယ့် အောင်မြင်မှုမရသေးတာက ကျနော်တို့မှာ ဘယ်လို ပုံစံဘယ်လိုနည်း လမ်းနဲ့ ဘယ်လောက်အထိ သွားမလဲဆိုတဲ့ အစီအစဉ်က ရှင်းရှင်းလင်း လင်းမရှိနေဘူး။ အခြေအနေအရပဲ သွားနေရတဲ့အခါကျတော့ အခြေအနေကောင်းတဲ့ အခါရှိသလို မကောင်း တဲ့အခါလည်းရှိတယ်။ တိကျတဲ့ လမ်းစဉ်ချမှတ်ပြီး ချမှတ်ထားသလို သွားမယ်ဆိုရင် လွဲချော်တဲ့အခါ ပြန်တည့်မှတ်ပြီး မှားသွားရင် ပြန်ပြုပြင် တဲ့နည်းနဲ့သွားမှသာအောင်မြင်မည်” ဟု ပြောသည်။

ထို့အပြင် ကရင့်တော်လှန်ရေးသည် တော်လှန်ရေး စတင်ချိန်မှစ၍ ယနေ့အချိန်ထိ အောင်မြင်သည့် အခြေအ နေထိ မရောက်နိုင်သေးသည့်အပြင် လက်ရှိ ၂၀၀၈ ဖွဲ့အစည်းပုံအခြေခံဥပဒေဘောင်အတွင်းသွားနေသည့် ငြိမ်း ချမ်းရေးဖြစ်စဉ်သည်လည်း အောင်မြင်နိုင်သည့် နည်းလမ်းမဟုတ်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး စောဘော ကျော် ဟဲက ထည့်သွင်းပြောဆိုခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် ကရင်တော်လှန်ရေးသည် မြန်မာနိုင်ငံလွတ် လပ်ရေး ရရှိပြီးနောက် ၁၉၄၉ ခုနှစ် မှစ၍ စတင်ခဲ့ပြီး ယနေ့အချိန်ထိ ခေတ်အဆက်ဆက် သော အစိုးရကို တော် လှန်ခဲ့ပြီး မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်မှန်း ချက်ဖြင့် လက်နက်ကိုင်တော်လှန်ခဲ့သလို ယနေ့ကာလတွင်လည်း သွေးထွက်သံယိုမရှိသော နည်းလမ်းဖြင့် ကရင်အမျိုးသားများ၏ အခွင့်အရေးကို ရယူမည်ဆိုကာ အစိုးရနှင့် ကေအဲန်ယူအကြား(၈) နှစ်ကျော်ကြာ ငြိမ်း ချမ်းရေး ဆွေးနွေးမှုများ ဖော်ဆောင်နေသော်လည်း တိကျသေချာသည့် သဘောတူညီမှုများမရရှိသေးဘဲနှစ် ဖက်တပ်များ အကြား ထိတွေ့မှုများ ယနေ့အချိန်ထိရှိနေကြောင်း သိရသည်။

(၇၁)နှစ်မြောက် ကရင်တော်လှန်ရေးနေ့သို့ ပြည်တွင်း ပြည်ပ၊ နယ်စပ်နှင့် ထိုင်းနိုင်ငံတွင်းမှ ကရင်လူထုများ၊ ကွန်ရက်အဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ပြီး ဒေသခံ ကျောင်းသူ၊ ကျောင်းသားနှင့် လူထု များအပါအဝင် စုစုပေါင်း လူဦးရေ နှစ်ထောင်နီးပါး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသူ ဒေါကလုကွန်ရက်မှ စောဝယ်ကိုးက “ကျနော်တို့ ကရင်လူထုတွေ ပါဝင်မှု အားနည်းနေသေးတာနဲ့ အဖွဲ့အစည်းတစ်ခုအားကောင်းလာပြီးဆိုတာနဲ့ ခွဲထွက်တာတွေ ဒီလိုမျိုးအခြေအနေက ကျနော်တို့ ကရင့်တော်လှန်ရေး ကာလကြာအောင် တွန်းပို့နေသလိုဖြစ်တာပေါ့။ ပြောချင်တာက ၁၉၄၉ က စခဲ့ တဲ့ စိတ်ဓါတ်တွေအတိုင်း တော်လှန်ရေး ရဲဘော်တွေနဲ့ လူထုတစ်ရပ်လုံးပါဝင်လာဖို့လိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အခမ်းအနား၌ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးမှ အမှာစကားပြောဆို ခဲ့ပြီး စစ်ရေးပြအခမ်းအနားများ ဝတ်ပြုဆုတောင်းခြင်းများ အထိမ်းအမှတ်နေ့ အားကစားများအပြင် ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက် ကရင်အမျိုး သားများသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလ အစိုးရထံသို့ နိုင်ငံရေးနည်းဖြင့် တောင်းဆို၍ မရရှိခဲ့သဖြင့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ရက်နေ့တွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင် လာခဲ့ ခြင်းဖြစ်သည်။

၇၁ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ကို ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေအချို့တွင်လည်း အလားတူ ကျင်းပခဲ့ကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...