အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေး စစ်ဆေး

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေး စစ်ဆေး

Salai C.Lian — ကိုရိုနာ အဆုတ်ရောင် Novel Corona Virus (nCov) ဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရန် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် တမူးမြို့နှင့်ရိဒ်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။



ကျန်းမာရေးစိစစ်မှုကို တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ၊ တိုင်းဒေသကြီးအမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးတို့ ဦးဆောင်လျက် ကျန်းမာရေးဝန်းထမ်းများနှင့်အတူ စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။



တိုင်းဒေသကြီးအမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက “ခရိုင်ဆရာဝန်ကြီး ဦးဆောင်တဲ့ ကျန်းမာရေးဌာနကနေ တမူးဂိတ်မှာ အဖျားတိုင်းတာတဲ့ စက်တွေနဲ့ အဖျားရှိမရှိကို တိုင်းတာပေါ့၊ အိန္ဒိယဖက်ကနေ ဝင်လာတဲ့သူ အားလုံးကို အဖျားရှိမရှိ တိုင်းနေတယ်၊ အဖျားရှိရင်တော့ သူတို့ကို ပြန်လွှတ်ပေးတာပေါ့၊ အဖျားမရှိရင်တော့ မြန်မာဖက်ကို ဝင်လို့ရတယ်၊ ဒီ corona virus ကလည်းကမ္ဘာမှာပြန့်နေတော့ ကျန်းမာရေးအရ တိုင်းတာဖြစ်တယ်” ဟု ပြောသည်။



အဆိုပါ ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နိုင်ရန် မြန်မာအစိုးရအနေဖြင့် ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ကာ စစ်ဆေးမှုများပြုလုပ်သော်လည်း တစ်ဖက်နိုင်ငံဖက်တွင်မူ  ယနေ့(ဇန်နဝါရီ၂၈ )ထိ  ကျန်းမာရေး ကာကွယ်မှု တစ်စုံတစ်ရာ မပြုလုပ်သေးကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်းဒေသကြီးအမှတ်(၁) ဦးမြင့်နိုင်ဦးက ပြောသည်။



“ဒီနေ့ထိတော့ တစ်ဖက်နိုင်ငံကနေ ကျန်းမာရေးအတွက် တိုင်းတာတွေတော့ မသိသေးဘူး၊ ကျွန်တော်တို့ကတော့ နိုင်ငံတော်အစိုးရက နယ်စပ်အားလုံးကို စစ်ခိုင်းလိုက်တော့ ကျွန်တော်တို့ကလည်း နယ်စပ်ဂိတ်တစ်ခု ဖြစ်နေတဲ့အတွက် လုပ်ပေးတာပါ၊ မနေ့ (ဇန်နဝါရီ ၂၇ ရက်) ညအထိတော့ စိစစ်ချက်အရ ဘာမှ မတွေ့သေးဘူး၊ ဒီကျန်းမာရေး စိစစ်မှုကို ဖေဖော်ဝါရီလကုန်ထိ ကျွန်တော်တို့ လုပ်မယ်၊ မနက် ၈ နာရီမှ ညနေ ၅ နာရီထိ စိစစ်သွားမယ်” ဟု ဦးမြင့်နိုင်ဦးက ဆိုသည်။



အလားတူ  ချင်းပြည်နယ်၏ နယ်စပ်ဂိတ်ဖြစ်သည့် ရိဒ်နှင့် ဇိုခေါသာရ်ဂိတ်တွင်လည်း  စစ်ဆေးမှုများဇန်နဝါရီ ၂၇ ရက်နေ့က စတင် ပြုလုပ်ကြောင်း သိရသည်။



ဗီဗီစီ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့အနေဖြင့် အပူချိန် သာမန်ထက် လွန်ကဲသူများကို မြန်မာပြည်တွင်းဖက်သို့ ဝင်ခွင့် မပေးကြောင်း ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...