ပလက်ဝမြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေ

ပလက်ဝမြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေ

လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငရှားကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီလ (၁၇) ရက်နေ့က တောင်ယာသွားနေစဉ် မြေမြှုပ်မိုင်းနင်းမိရာ ညာဖက်ခြေသလုံးဒဏ်ရာရရှိပြီး ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု သိရသည်။

ပလက်ဝမြို့မှမြောက်ပိုင်း မိုင် (၂၀) လောက်ကွာဝေးတဲ့ ငရှားကျေးရွာနေ အဘ ဦးအောင်ဝင်း၏သမီး အသက် (၂၂) အရွယ်ရှိ မခင်လုံးသည် ဇန်နဝါရီလ (၁၇) ရက်နေ့ မနက်ပိုင်းတွင် တောင်ယာသို့ စပါးထမ်းသွားနေစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝမြို့မှ ဒေသခံတစ်ဦးကပြောသည်။

“သူက တောထဲတောင်ယာစပါးထမ်းဖို့သွားတာပေါ့ အဲဒီမှာနင်းမိတာ သူ့ဒဏ်ရာကြောင့် အခုစစ်တွေဆေးရုံပို့လိုက်တယ် ဆေးကုသမှုခံနေပြီ” ပလက်ဝဒေသခံကပြောသည်။

မခင်းလုံး၏ မိခင် ဒေါ်ဟွေ့တင်သည်လည် ယခုလ (၇) ရက်နေ့က တောထဲသွားရာကနေ မြေမြှုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်နှင့်မျက်နှာတွင် ဒက်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်သည့်အတွက် ပလက်ဝဆေးရုံမှာ မကုသနိုင်ဘဲ စစ်တွေဆေးရုံသို့ ပို့ဆောင်က ယခုစစ်တွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိသည့်အချိန်တွင် သမီးဖြစ်သူလည်း မြေမြှုပ်မိုင်းနင်းမိသည့်အဖြစ်နှင့်ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။

မခင်လုံးတို့မိသားစုသည် တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြပြီး ငွေရေးကြေးရေးအခက်အခဲရှိခြင်းကြောင့် အမေဖြစ်သူအား ဆေးဝါးကုသရာတွင်လည်း အလှူရှင်များထံ၏ အကူအညီဖြင့် ကုသနေရပြီး နောက်ထပ်သမီးဖြစ်သူမှာလည်း မြေမြှုပ်မိုင်းထိမှန်ခြင်းကြောင့် ငွေကြေးမှာလည်း ပိုပြီး ခက်ခဲလာနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိခြင်းကြောင့် လူ (၈) ဦး ထိခိုက်မှုရှိနေပြီဖြစ်ကာ လူ (၃) ဦးမှာသေဆုံးနေပြီဖြစ်ပြီး (၅) ဦးမှာ ဒဏ်ရာရရှိနေသူများဖြစ်ကြောင်းသိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...