မြဝတီမြို့ အာရှလမ်းအနီး ကားဝပ်ရှော့တွင် မီးလောင် ၊ အိမ် ၁ လုံး ကား ၅ စီး ဆုံးရှုံး

မြဝတီမြို့ အာရှလမ်းအနီး ကားဝပ်ရှော့တွင် မီးလောင် ၊ အိမ် ၁ လုံး ကား ၅ စီး ဆုံးရှုံး

ကရင်ပြည်နယ် မြဝတီမြို့ ဖားချောင်းကျေးရွာ အာရှလမ်းမကြီးအနီး ကားဝပ်ရှော့တစ်ခုအတွင်း ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၁ လုံးနှင့် ကား ၅စီး မီးလောင်ဆုံးရှုံးသွား ခဲ့သည်ဟု သိရသည်။

ဖားချောင်းကျေးရွာနေ ဦးစိုးသိန်း၏ ကားဝပ်ရှော့အတွင်း ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းမီးလောင်ကျွမ်းရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင် ရာအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ သွားရောက်စစ်ဆေးမှု မှတ်တမ်းအရ သိရသည်။

အဆိုပါ မီးလောင်မှုကို မြဝတီခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုဦး ဦးစီးသည့် အင်အား ၄၅ ဦးတို့သည် ရေသယ်ယာဉ် ၇ စီး၊ မီးသတ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် ငြိှမ်းသတ်ကြရာ ည ၉ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်နေရေး တာဝန်ရှိသူများက ပြောသည်။

ယင်းမီးလောင်မှုကြောင့် စက်ပြင်ဆရာ ဦးစိုးသိန်းအား (ပ)၁၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် သင်္ဃန်းညီနောင်ရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...