မြဝတီမြို့ အာရှလမ်းအနီး ကားဝပ်ရှော့တွင် မီးလောင် ၊ အိမ် ၁ လုံး ကား ၅ စီး ဆုံးရှုံး

မြဝတီမြို့ အာရှလမ်းအနီး ကားဝပ်ရှော့တွင် မီးလောင် ၊ အိမ် ၁ လုံး ကား ၅ စီး ဆုံးရှုံး

ကရင်ပြည်နယ် မြဝတီမြို့ ဖားချောင်းကျေးရွာ အာရှလမ်းမကြီးအနီး ကားဝပ်ရှော့တစ်ခုအတွင်း ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၁ လုံးနှင့် ကား ၅စီး မီးလောင်ဆုံးရှုံးသွား ခဲ့သည်ဟု သိရသည်။

ဖားချောင်းကျေးရွာနေ ဦးစိုးသိန်း၏ ကားဝပ်ရှော့အတွင်း ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းမီးလောင်ကျွမ်းရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင် ရာအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ သွားရောက်စစ်ဆေးမှု မှတ်တမ်းအရ သိရသည်။

အဆိုပါ မီးလောင်မှုကို မြဝတီခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုဦး ဦးစီးသည့် အင်အား ၄၅ ဦးတို့သည် ရေသယ်ယာဉ် ၇ စီး၊ မီးသတ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် ငြိှမ်းသတ်ကြရာ ည ၉ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်နေရေး တာဝန်ရှိသူများက ပြောသည်။

ယင်းမီးလောင်မှုကြောင့် စက်ပြင်ဆရာ ဦးစိုးသိန်းအား (ပ)၁၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် သင်္ဃန်းညီနောင်ရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...