တိုက်ပွဲကြောင့် (၅)ရက်ကြာပိတ်မိနေသူများကို ကယ်ထုတ်

တိုက်ပွဲကြောင့် (၅)ရက်ကြာပိတ်မိနေသူများကို ကယ်ထုတ်
ပိတ်မိနေသူများထဲတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ အများစုပါဝင်သည်။ (ဓာတ်ပုံ - ကျော်မင်းခိုင်)
ပိတ်မိနေသူများထဲတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ အများစုပါဝင်သည်။ (ဓာတ်ပုံ - ကျော်မင်းခိုင်)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ညောင်ပင်လှကျေးရွာအတွင်းတွင် (၅)ရက်ကြာ ပိတ်မိနေသူ ၃၃ ဦးကို ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကယ်ထုတ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရေးအတွက် အာဏာပိုင်များထံက ခွင့်ပြုချက်ယူကာ ရသေ့တောင်မြို့သို့ ကယ်ထုတ်နေခြင်းဖြစ်သည်။

“ညောင်ပင်လှဆိပ်ကမ်းကို ရောက်နေပါပြီ။ အခု စက်လှေနဲ့ သယ်ယူကယ်ထုတ်နေတာပါ။ ကျနော်တို့ကတော့ ရွာထဲက လူတွေအားလုံးကို ကယ်ထုတ်နေပါတယ်” ဟု ကယ်ထုတ်ရာတွင်ပါဝင်သည့် ကိုကျော်မင်းခိုင်က DMG သို့ပြောသည်။

ဇန်နဝါရီလ (၉)ရက်နေ့က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ရွာသားအများစု ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ကြသော်လည်း အဆိုပါ လူ(၃၃)ဦးမှာ ထွက်ပြေးနိုင်ခြင်းမရှိခဲ့သောကြောင့် ပိတ်မိနေခြင်းဖြစ်သည်။ ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ အများစုပါဝင်သည်။

ပိတ်မိနေသူများကို ပြီးခဲ့သည့်ရက်များက ကယ်ထုတ်ရန်ကြိုးပမ်းခဲ့သော်လည်း တိုက်ပွဲပြင်းထန်နေမှုကြောင့် လုံခြုံမှုမရှိသည့်အတွက် မကယ်ထုတ်နိုင်ခဲ့ခြင်းဟု ကိုကျော်မင်းခိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်ပေါ်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...