ပလက်ဝမြို့နယ်တွင် အရပ်သား ၃ ဦးကို တောထဲတွင်သေဆုံးလျက်တွေ့ရှိ

ပလက်ဝမြို့နယ်တွင် အရပ်သား ၃ ဦးကို တောထဲတွင်သေဆုံးလျက်တွေ့ရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆီးဖလောင်းရွာနှင့် ကြက်ဥဝကျေးရွာမှ ပျောက်ဆုံးသွားသည့် မူလတန်းပြကျောင်းအုပ်ဆရာကြီးနှင့် ရွာသား (၂) ဦးတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့က တောထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

ဆီးဖလောင်းရွာသား ကျောင်းအုပ်ဆရာကြီး ဦးအာဗြေလ၊ ကြက်ဥဝရွာမှ ဦးကျော်သန်းဝင်း နှင့် ဦးလှသိန်းတို့သည် ဇန်နဝါရီလ ၇ ရက်နေ့က ပျောက်ဆုံးခဲ့ကြပြီး ရွာသားများက လိုက်လံရှာဖွေကြရာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းက အင်ခိုဝနှင့် စိမ်းစင်းရွာအကြားတောထဲတနေရာတွင် လက်ပြန်ကြိုးတုတ်လျက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်ဟု ဦးအာဗြေလ၏ဆွေမျိူးများထံမှသိရသည်။

“ သူတို့ကို ဘယ်သူတွေကဖမ်းခေါ်သွားတယ်ဆိုတာတော့ တိတိကျကျမသိရဘူး ။ ကျနော်တို့လိုက်ရှာတော့ တောထဲမှာ သူတို့အလောင်းကိုသွားတွေ့တာ။ ဆရာဦးအာဗြေလနဲ့ တစ်ယောက်ကို အတူတူတွေ့တယ် ။ တစ်ယောက်ကတော့ သပ်သပ်တွေ့တယ်’’ ဟု ဦးအာဗြေလ၏ဆွေမျိူးတော်စပ်သူတစ်ဦးကပြောသည်။

သေဆုံးသွားသည့် ရုပ်အလောင်းများကို ပလက်ဝြမို့ပေါ်သို့ ပို့ဆောင်ခဲ့ကြပြီးနောက် ဇန္နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက မြေမြှု ပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ်  ကျီးလေကျေးရွာတွင် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်ကစ၍ အခြေချခဲ့ကြပြီး ဒေသခံပြည်သူများအား ကိုယ်ထိလက်ရောက်ရိုက်နက်ခြင်း၊ လူငယ်များအား ကုလားတန်မြစ်ကမ်းနဘေး နေပူထဲတွင် ချူပ်နှောင်ထားခြင်း၊ ဆန်နှင့်ရက္ခာများသယ်ယူခိုင်းခြင်းနှင့် ကျေးရွာမှ အခြားသို့ထွက်သွားလိုသူများအား ထွက်သွားခွင့်မပြုဘဲ ကျေးရွာအတွင်း အတင်းအကျပ် တားဆီးမှုများပြုလုပ်လျက်ရှိသည်ဟု ဇန်နဝါရီ ၁၀ ရက်နေ့က ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်စီ(KACC) ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ယခုသေဆုံးသွားသည့် (၃) ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ယူဆထားကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...