ကျောက်ဖြူတွင် အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ကျောက်ဖြူတွင် အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူများကို ရဲစခန်းတွင် ထိန်းသိမ်းထားစဉ် လူစုလူဝေးဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ - ဇော်ဇော်ထွန်း)
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူများကို ရဲစခန်းတွင် ထိန်းသိမ်းထားစဉ် လူစုလူဝေးဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ - ဇော်ဇော်ထွန်း)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဇန်နဝါရီလ(၁၀)ရက် နေ့လယ်(၃)နာရီခန့်က အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသား(၂)ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

ထိုအသက်(၇)နှစ်အရွယ် မိန်းကလေးငယ်အား မိခင်ဖြစ်သူက နေအိမ်တွင် တစ်ဦးတည်းထားခဲ့ကာ ဂူတာပြင်ပိုက်ဆိပ်သို့ သွားခဲ့သည်။ ထို့နောက် ကလေးငယ် နေအိမ်မှထွက်လာသည်ကို ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဇော်မျိုးနောင်(ခ)မောင်ကြီးနှင့် နိုင်မင်းထွန်းတို့က တွေ့ရှိခဲ့ပြီး ရိုက်နှက်ကာ ချုံပုတ်တစ်ခုတွင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းက သိရသည်။

မိန်းကလေးငယ်မှာ ဝဲမျက်လုံးပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ အထက်နှုတ်ခမ်းဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာလက်ဖဝါးပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ နှာခေါင်းဖူးရောင် ညိုမဲဒဏ်ရာ၊ ဝဲမျက်လုံးဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ဆေးကုသမှုခံယူနေရသည်။ ထို့ကြောင့် ရိုက်နှက်အဓမ္မပြုကျင့်ခဲ့သူနှစ်ဦးကို မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ခဲ့သောကြောင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက ပြောသည်။

“သက်ငယ်မုဒိမ်းပေါ့။ တရားခံတွေကတော့ ဇော်မျိုးနောင်(ခ)မောင်ကြီးနဲ့ နိုင်မင်းထွန်းတို့(၂)ဦးပါ/ အခုကတော့ မုဒိန်းမှု(၃၇၆)နဲ့ အမှုဖွင့်လှစ်ထားပြီးတော့ စစ်ဆေးနေတယ်” ဟု ၎င်းက ဆိုသည်။

ဇော်မျိုးနောင်(ခ)မောင်ကြီးမှာ ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်မှဖြစ်ပြီး နိုင်မင်းထွန်းဆိုသူမှာ ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာကဖြစ်ကာ ကျောက်ဖြူမြို့တွင် ရေလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ကြသည်။

အဆိုပါနှစ်ဦးအား ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးနေသည်ဟု သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...