တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာသား ၄၀ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာသား ၄၀ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာနှင့် သဖန်းချောင်းကျေးရွာမှ ရွာသား (၄၀) တို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ချိူ့သည် ကြောင်ချောင်းကျေးရွာသို့ဝင်ရောက် နေထိုင်မှုများရှိလာသည့်အတွက် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် တိုက်ပွဲမဖြစ်ခင်တွင် ပလက်ဝမြို့ပေါ်သို့ ဒီဇင်ဘာ (၁၇) ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ်စစ်ဘေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ၁၂ ရက်နေ့က AA တပ်ဖွဲ့တွေ သူတို့ရွာထဲရောက်လာတယ် သူတို့က ချက်ချင်းကြီးပြေးလာတယ် တော့မဟုတ်ဘူးပေါ့နော် သူတို့ရှိလာတယ်ဆိုတော့ နည်းနည်းတိုက်ခိုက်မှု တွေရှိလာနိုင်တယ်ဖြစ်နိုင်တယ်ဆို ပြီးတော့သူတို့က မဖြစ်ခင်မှာကြိုပြီးရှောင်တဲ့အနေနဲ့ ထွက်ပြေးလာကြတာ AA တပ်ဖွဲ့တွေက ဒုက္ခတော့မပေး ပေမယ့် အနီးအနားမှရှိရင် ဟိုဘက်ဒီဘက်တိုက်ပွဲတွေဖြစ်လာရင် ကြားညှပ်မှာစိုးရိမ်တယ်လေ” ဟု ၎င်းကပြောသည်။

ကြောင်ချောင်းကျေးရွာသည် ပလက်ဝမြို့မှ (၅) နာရီခန့်သွားရပြီး ယခုပလက်ဝမြို့ပေါ်သို့ထွက်ပြေးလာသူများမှာ အိမ်ထောင်စု (၉) စု လူဦးရေ (၂၀) ရှိသည်။

အလားတူ သဖန်းချောင်းကျေးရွာအနီးတဝိုက်တွင် မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား သည့်အတွက် ရွာထဲတွင်ဆက်မနေရဲတော့ဘဲ ဒီဇင်ဘာလ ၁၄ ရက်နေ့က အိမ်ထောင်စု (၅) စု လူဦးရေ (၂၀) တို့ သည် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

သဖန်းချောင်းကျေးရွာဒေသခံတစ်ဦးက “သဖန်းချောင်းက တပ်ကုန်းနဲ့အရမ်းနီးတော့လေ အဲဒါကြောင့်မို့ တိုက်ပွဲဖြစ်တော့လည်း သေနတ်ပစ်သံတွေက အနီးနားမှာဖြစ်သလိုခံစားရတယ်၊ ကြောက်လို့မနေရဲကြဘူး ရွာထဲမှာဖြစ်တာတော့မဟုတ်ဘူး အဲဒါကြောင့်မို့ထွက်ပြေးလာတာ” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် ပလက်ဝမြို့ပေါ်ရှိ နီးစပ်ရာဆွေးမျိူးများထံသို့ နေထိုင်ကြလျက်ရှိကြပြီး ပလက်ဝမြို့နယ် စစ်ဘေးရှောင်ကူညီရေးအသင်းမှ အိမ်ထောင်စုတစ်စုတွင် သုံးယောက်ထက်ကို တစ်ရက်ဟင်းဖိုး ၂၀၀၀ နှုန်း၊ သုံးယောက်အောက်ကို ၁၅၀၀ ကျပ်နှုန်းဖြင့် ကူညီထောက်ပံ့ထားသည်ဟု သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကုန်ပိုင်းစ၍ မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲများစတင်ဖြစ်ပွားလာပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူ (၄၀၀၀) ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...