မူရင်း AFP:Grassroots fear stoked by Chinese-funded port and SEZ in Myanmar's Rakhine

မူရင်း AFP:Grassroots fear stoked by Chinese-funded port and SEZ in Myanmar's Rakhine

လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် ယာယီပိတ်ထားရသည့် ပလက်ဝြမို့နယ် ရိက္ခာတိုးချဲ့ မြို့သစ်ရပ်ကွ က်မှ အ.ထ.က (ခွဲ) ကျောင်းကို ပြီးခဲ့သည့်ဒီဇင်ဘာလ (၁၂) ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်လိုက်ပြီဟု သိရသည်။



ခ.မ.ရ (၂၈၉) တပ်ရင်းဧရိယာအတွင်းတည်ရှိသည့် အဆိုပါ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်မနက်ပိုင်း (၄) နာရီခန့်က ဗဗ လက်ချက်ဟုယူဆရသည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့သည့်အတွက် ကျောင်းကိုယာယီပိတ်ပင်ထားရာကနေ ယင်းနေ့စ၍ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ပလက်ဝြမို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။



“ ကျောင်းသားတော့မနေ့ကတော့မစုံသေးဘူး ဒီနေ့တော့စုံလောက်ပြီထင်တယ်၊ စိုးရိမ်စိတ်တော့ရှိတယ် စိုးရိမ်စိတ်ရှိလို့ အနားယူခိုင်းလိုက်တာပေါ့ နည်းနည်းလေးအချိန်လေးစောင့်ပါအုံး ဆိုပြီးတော့ တစ်ရက်နှစ်ရက်တော့အနားယူခိုင်းလိုက်ပြီးမှ အခုကျတာ့နည်းနည်းလေးငြိမ်သွားပါပြီ အဲဒါနဲ့ ကျောင်းပြန်တက်ခိုင်းတာပါ” ဟု မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။



ရိက္ခာတိုးချဲ့ မြို့သစ်ရပ်ကွက် အ.ထ.က (ခွဲ) ကျောင်းတွင် တက်ရောက်သည့် ကျောင်းသားကျောင်း သူအများစုသည် (၂၈၉) တပ်ရင်းမှ တပ်မတော်သားသမီးများဖြစ်ကြပြီး အနီးနားကျေးရွာများ မှ ကျောင်းသားကျောင်းသူများလည်း တက်ရောက်ကြသည်။ အဆိုပါကျောင်းတွင် ကျောင်းသား။သူဦးရေ ၂၇၀ ကျော်ရှိသည်။



ပလက်ဝြမို့နယ်တွင် ယခုနှစ်အတွင်း တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် ကျောင်း (၅) ကျောင်းရှိပြီး ယင်းကျောင်းများသည်လည်း လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...