မူရင်း AFP:Grassroots fear stoked by Chinese-funded port and SEZ in Myanmar's Rakhine

မူရင်း AFP:Grassroots fear stoked by Chinese-funded port and SEZ in Myanmar's Rakhine

လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် ယာယီပိတ်ထားရသည့် ပလက်ဝြမို့နယ် ရိက္ခာတိုးချဲ့ မြို့သစ်ရပ်ကွ က်မှ အ.ထ.က (ခွဲ) ကျောင်းကို ပြီးခဲ့သည့်ဒီဇင်ဘာလ (၁၂) ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်လိုက်ပြီဟု သိရသည်။



ခ.မ.ရ (၂၈၉) တပ်ရင်းဧရိယာအတွင်းတည်ရှိသည့် အဆိုပါ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်မနက်ပိုင်း (၄) နာရီခန့်က ဗဗ လက်ချက်ဟုယူဆရသည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့သည့်အတွက် ကျောင်းကိုယာယီပိတ်ပင်ထားရာကနေ ယင်းနေ့စ၍ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ပလက်ဝြမို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။



“ ကျောင်းသားတော့မနေ့ကတော့မစုံသေးဘူး ဒီနေ့တော့စုံလောက်ပြီထင်တယ်၊ စိုးရိမ်စိတ်တော့ရှိတယ် စိုးရိမ်စိတ်ရှိလို့ အနားယူခိုင်းလိုက်တာပေါ့ နည်းနည်းလေးအချိန်လေးစောင့်ပါအုံး ဆိုပြီးတော့ တစ်ရက်နှစ်ရက်တော့အနားယူခိုင်းလိုက်ပြီးမှ အခုကျတာ့နည်းနည်းလေးငြိမ်သွားပါပြီ အဲဒါနဲ့ ကျောင်းပြန်တက်ခိုင်းတာပါ” ဟု မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။



ရိက္ခာတိုးချဲ့ မြို့သစ်ရပ်ကွက် အ.ထ.က (ခွဲ) ကျောင်းတွင် တက်ရောက်သည့် ကျောင်းသားကျောင်း သူအများစုသည် (၂၈၉) တပ်ရင်းမှ တပ်မတော်သားသမီးများဖြစ်ကြပြီး အနီးနားကျေးရွာများ မှ ကျောင်းသားကျောင်းသူများလည်း တက်ရောက်ကြသည်။ အဆိုပါကျောင်းတွင် ကျောင်းသား။သူဦးရေ ၂၇၀ ကျော်ရှိသည်။



ပလက်ဝြမို့နယ်တွင် ယခုနှစ်အတွင်း တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် ကျောင်း (၅) ကျောင်းရှိပြီး ယင်းကျောင်းများသည်လည်း လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...