တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်မှ အရက်မူးပြီး ရဲတပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်မှ အရက်မူးပြီး ရဲတပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်ဟန်ဝင်းအောင်မှ အရက်မူးပြီး ရဲတပ်သား ထန်လျန်းပေါင်ကို 6mm သေနတ်ဖြင့် ဒီဇင်ဘာလ၁၄ ရက်နေ့က ၄ ကြိမ်ပစ်ခတ်ခဲ့သော်လည်း အပစ်ခံရသူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က လုံခြုံရေးဆောင်ရွက်ထားရှိမူ ဇာတ်သတ်လေ့ကျင့်ရေးအတွက် သွားရောက်စဉ် တွန်းဇံမြို့နယ်၊ ဘပီးအုပ်စု၊ ကျီခါး- ဇမ်မီး လမ်းခွဲအရောက်တွင် အကြောင်းကိစ္စမရှိဘဲ ဒုရဲအုပ် ဟန်ဝင်းအောင်မှ တပ်သား ထန်လျန်းပေါင်ကို ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ် ကျည်(၄)တောင့်ဖြင့် ပစ်ခတ်သဖြင့် ကြောက်ရွံ့ပြီး တောထဲသို့ ထွက်ပြေးပုန်းခိုနေစဉ် စစ်ကြောင်းမှုးဖြစ်သူ ဗိုလ်ကြီး အောင်ကိုကို မှ မကြောက်ရန်နှင့် တာဝန်ယူပေးရန်ပြောသဖြင့် လေ့ကျင့်ရေးအဖွဲ့နှင့် ပြန်လည်ပူးပေါင်း ခဲ့ကြောင်းသိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်ထွန်းဝင်းအောင်ကို အရေးယူပေးရန် တွန်းဇံမြို့မရဲစခန်းမှ တစ်ဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ထံ အပစ်ခံရသူမှ တိုင်တန်းစာပေးပို့ထားသည်။

ရဲတပ်သား ထန်လျန်းပေါင်နှင့် ဒုရဲအုပ် ဟန်ထွန်းဝင်းအောင်တို့အကြား လူမှုရေးကိစ္စဖြင့်စကားများ ရန်ဖြစ်ထားခြင်းမျိုးလည်း မရှိခဲ့ဘဲ အဆိုပါ အခင်းဖြစ်သည့်နေ့တွင် အရက်မူးနေသဖြင့် ဒုရဲအုပ်မှ ရဲတပ်သား ထန်လျန်းပေါင်ကို 6mmသေနတ်ဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့သော်လည်း ပထမ ပစ်ချက်မှာ ဆိုင်ကယ်ထိခဲ့ပြီး ဒုတိယနှင့် နောက်ဆုံးပစ်ချက်မှာ မြေကြီးထိမှန်ခဲ့သည့်အတွက် ရဲတပ်သား အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။

ထို့နောက်တွင်လည်း ဒုရဲအုပ်မှ “လူတစ်ယောက်ကို သတ်ရင် သိန်း ၁၀၀၊ ၂၀၀ လောက်နဲ့လျော်လို့ရတယ်။ အခုငါ့မှာ သိန်း ၂၀ ပါတယ်”ဟုလည်း ရဲတပ်သား ထန်လျန်းပေါင်ကို ဒုရဲအုပ်မှ ပြောခဲ့ကြောင်းလည်း ထန်လျန်းပေါင်မှ မီဒီယာများတွင် ဖြေကြားထားသည်။

အဆိုပါ ရဲတပ်သား ထန်လျန်းပေါင်ကို ဒုရဲအုပ်မှ သေနတ်ဖြင့် ပစ်ခတ်နေချိန်တွင် မျက်မြင်သက်သေ ရဲတပ်ဖွဲ့ဝင် လူငါးဦး ရှိကြောင်းလည်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...