ပလက်ဝမြို့ပေါ်နှင့် နီးကပ်စွာ တိုက်ပွဲဖြစ်သည့် လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများစိုးရိမ်

ပလက်ဝမြို့ပေါ်နှင့် နီးကပ်စွာ တိုက်ပွဲဖြစ်သည့် လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများစိုးရိမ်

ပလက်ဝမြို့အနီးအထိ ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားလာပြီး မြို့ပေါ်ကနေပင်လျှင် လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “မနက် ခြောက်နာရီမထိုးခင် ငါးနာရီလောက်က ပလက်ဝမြို့အတွက် အခြေနေမကောင်းဘူးလို့ မြို့ထဲမှာတော့ သတင်းတွေတော့ ထွက်နေတယ်။ ဒီမနက်ပိုင်း လေးနာရီကျော်ကျော် လောက်မှာ ပလက်ဝမြို့ပေါ်ကနေ နှစ်ဖက် တိုက်ခိုက်သံတွေကြားနေရတယ်” ဟုပြောသည်။

ယခင်က ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲများသည် ကျေးရွာနှင့် နယ်စပ်များတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ မြို့နှင့်နီးသည့်နေရာအထိ တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် မြို့ပေါ်နေဒေသခံများအနေဖြင့် စိုးရိမ်လာရခြင်းဖြစ်သည်။

ပလက်ဝမြို့ကီမိုလူမူစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ ဦးဘူထန်ပိုင်က “ဒီမနက် ၄နာရီကနေ ၅ နာရီခွဲအထိ ပလက်ဝမြို့နဲ့ အနီးမှာရှိတဲ့ တပ်ရင်း၂၈၉ နဲ့ မျက်နှာချင်းဆိုင်နားက အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ ပြည်သူတွေ အနေနဲ့လည်း ဘာဖြစ်လာမလဲ ဆိုတာ မသိရတော့ အားလုံးက စိုးရိမ်နေရတယ်၊ လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့လည်း အခုချိန်မှာ လုံခြုံရေးအပိုင်းကို အတတ်နိုင်ဆုံးဆောင်ရွက်မယ်လို့ယုံကြည်ပါတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်နှင့် အတူ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် ဆိုင်သောအဆောက်အဦး နေရာများတွင် ဆူပူလှုံ့ဆောင်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ(၅)ဦး (သို့) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုတ်ရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ရန် ပလက်ဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ နိုဝင်ဘာ ကိုးရက်နေ့က ထုတ်ပြန်ထားသည်။

May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...